အပတ်စဉ်(၃) Mini-MBA (၆)လ သင်တန်းတက်ရောက်ရန် သင်တန်းသားများ ခေါ်ယူခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်း စဉ်များထဲမှ MSME Development Centre ၏ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အပတ်စဉ်(၃) Mini-MBA (၆) လ သင်တန်းအား ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့မှ စတင်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အထိ အပါတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း မြန်မာချိန် (၆) နာရီမှ (၈) နာရီအထိ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသော ပြည်တွင်းပြည်ပရှိ တော်လှန်ပြည်သူများ မည်သူမဆို သင်တန်းတက်ရောက်နိုင်ရန်အတွက် အောက်ဖော်ပြပါ သင်တန်းလျှောက်လွှာ Link ၌ စာရင်း တင်သွင်းနိုင်ပါကြောင်း လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။သင်တန်းလျှောက်လွှာတင်သွင်းရန် Linkhttps://docs.google.com/…/1FAIpQLSe6KBXjyiy…/viewform…Mini-MBA Program သင်တန်းတက်ရောက်ရန် သတ်မှတ်ချက်များ(၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။(၂) သင်တန်းကြေးအား ကျပ် (၃) သိန်း သတ်မှတ်ထားပါသည်။(၃) သင်တန်းလျှောက်လွှာပါအချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရမည်။(၄) ပြည်တွင်းပြည်ပတော်လှန်ပြည်သူများ လျှောက်ထားနိုင်သည်။(၅) Zoom ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။သင်တန်းကြေးပေးသွင်းနိုင်သည့်နည်းလမ်းအပတ်စဉ်(၃) Mini-MBA(၆) လ သင်တန်း အတွက် သင်တန်းကြေးများကို NUG Pay (သို့) SDB ဖြင့် ပေးချေနိုင်ပါသည်။မှတ်ချက်။ သင်တန်းနှင့်ပတ်သက်၍ သိရှိမေးမြန်လိုသည်များရှိပါက msme.monnug@gmail.com သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။


Scroll to Top