
![]()
![]()
သပိတ်မှောက်ရမည့် စစ်တပ်ပိုင် ထုတ်ကုန်များနှင့် စီးပွားရေးလုပ်ငန်းများ![]()
![]()
![]()
မြန်မာနိုင်ငံသည် နယ်ချဲ့ကိုလိုနီလက်အောက်မှ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ် သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးရရှိခဲ့သော်လည်း မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်များစွာကြောင့် တိုင်ရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏ စံတန်ဖိုးများ၊ အနှစ်သာရများကို ယနေ့ထက်တိုင် ဆုံးရှုံးလျက်ရှိပါသည်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များသည် တိုင်းပြည်သယံဇာတများ၊ ပြည်သူ့ဘဏ္ဍာငွေများကို အမြတ်ထုတ်၊ ဂုတ်သွေးစုပ်ခဲ့ကြပြီး ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများစွာ ကို ရယူလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါသည်။ ၎င်းလုပ်ငန်းများမှရရှိသော အမြတ်ဘဏ္ဍာငွေများဖြင့် စစ်အာဏာရှင် စနစ်ကို အသက်သွင်းတည်ဆောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်အား အမြစ်တွယ်စေလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်များ၊ မတရားနှိပ်စက်သတ်ဖြတ်မှုလုပ်ရပ်များ၊ လူ့အခွင့် အရေးချိုးဖောက်မှုများ စသည့် အကြမ်းဖက်မှုများစွာကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိပါ သည်။
ထို့သို့ ပြည်သူများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်များစွာကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နိုင်ရန် ပံ့ပိုးပေးနေသည့် အာဏာသိမ်းစစ်ကောင်စီ ၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ပစ် ရန် အထူးလိုအပ်ပါသည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ရန်အတွက် ပြည်သူများအနေဖြင့် စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များကို အစဉ်တစိုက် သပိတ်မှောက် ရှောင်ကြဉ်ကြရန် အထူးအရေးကြီးပါသည်။
ထို့ကြောင့် သပိတ်မှောက်ရမည့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလီမိတက်(MEHL) နှင့် MEC တို့၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များကို ပြည်သူများလေ့လာသိရှိနိုင်စေရန် တင်ပြလိုက်ရပါသည်။
“လွတ်လပ်ရေးအနှစ်သာရ ခံစားရဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့”
စစ်တပ်ပိုင်နှင့် စစ်တပ်နှင့်ဆက်နွယ်သော ထုတ်ကုန်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက waywaynay ၏ website ဖြစ်သော https://waywaynay.com/ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
#လွတ်လပ်ရေးအနှစ်သာရ ခံစားရဖို့ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့















