ကင်မ်နှင့်ပြည်သူအတူတူ ” ပန်းချီကား ကံစမ်းမဲအစီအစဉ် ပြလုပ်ခြင်း

“ကင်(မ်) နဲ့ပြည်သူအတူတူ”ပန်းချီကား ကံစမ်မဲအစီအစဉ်ဒီနေ့ည ပြုလုပ်မယ်

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃

“ကင်(မ်) နဲ့ပြည်သူအတူတူ”အစီအစဉ်ရဲ့ ကံစမ်းမဲ နှိုက်မယ့် အစီအစဉ်ကို ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကံစမ်းမဲနှိုက်မဲ့ အစီအစဥ် ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်(မ်)၊ ရုပ်ရှင်ဒါရိုက်တာ ကိုပေါက်၊ ပန်းချီဆရာမ Artist နုယဉ်တို့က မဲနှိုက်ပေးသွားမှာဖြစ်ပြီး ကင်(မ်)နဲ့ ဆရာမနုယဉ်တို့က ပန်ချီကားပေါ်မှာ အမှတ်တရ လက်မှတ်ရေးထိုးပေးသွားမယ်လို့ သိရပါတယ်။

အဲ့ဒီကံစမ်းမဲနှိုက်တဲ့အစီအစဉ်မှာ ဖျော်ဖြေရေးအစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပြီး ကိုပေါက်၊ ဆရာမနုယဉ်၊ တယော အောင်သွေး၊ ရဲဘော်ထယ်ဆောက်နဲ့ ညောင်တုန်း( မြန်မာ့ရုပ်မြင်သံကြား CDMer)၊တယော ဖိုးစံ၊ Artist Russell တို့နဲ့အတူ Moderator ဘုန်းဆက်သွင်တို့က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့်လက်မှတ်ဝယ်ယူ ကံစမ်းထားသော ပြည်သူများအားလုံး ရင်ခုန်စွာဖြင့် စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်လို့ “ကင်(မ်) နဲ့ပြည်သူအတူတူ”အစီအစဉ်က ကြေညာထားပါတယ်။

#SpringRevolution

#PVTV

#PVTVNews

#PVTV Telegram Channel – https://t.me/pvtvmyanmar

#PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar

တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top