MIECI ၏ Fiscal Federalism Program ကျင်းပခြင်း

Fiscal Federalism Program သင်တန်းကျင်းပခြင်း

၂၀၂၃ခုနှစ်၊ ဇွန်လ(၂၈)ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Economy , Commerce and Industry ကို တည်ထောင်ပြီး ၊ CDM ဝန်ထမ်းနှင့် ကျောင်းသား ကျောင်းသူများအတွက်ရည်ရွယ်၍ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသင်တန်းများအနက် CDM ကျောင်းသားကျောင်းသူများအတွက် ဖွင့်လှစ်ပေးခဲ့သည့် Fiscal Federalism Program သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၂၄) ရက်နေ့၌ ကျင်းပဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Dr.ဇော်ဝေစိုး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Fiscal Federalism Program သင်တန်းကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်သည့်အခါ လူ့စွမ်းအား အရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်စေရန်၊ Fiscal Federalism အကြောင်းများကို လက်တွေ့ကျကျသိရှိပြီး ပြန်လည် အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နိုင်ငံ့ခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်အတွက် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် CDM ကျောင်းသား/ကျောင်းသူများအား Fiscal Federalism Program သင်တန်းကို ၂၀၂၃ ခုနှစ် ၊ ဇွန်လ(၂၄) ရက်နေ့မှ (၂၆)ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top