
၂၀၂၄ ခုနှစ် ၊ မတ်လ ( ၈) ရက်နေ့
၁။ မတ်လ(၈)ရက်နေ့အား (၁၉၇၇)ခုနှစ်မှ စတင်၍ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အထိမ်းအမှတ်အခမ်းအနားများ၊အသိပညာပေးမှုများနှင့် သွေးစည်းညီညွတ်ရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြပါသည်။ ကမ္ဘာတဝှမ်းရှိ အစိုးရများမှလည်း အမျိုးသမီးများအရေး လှုပ်ရှားများကို အသိအမှတ်ပြုပြီး ပါဝင်ထောက်ခံ အားပေးကူညီလျက်ရှိကြပါသည်။ (၂၀၂၄) ခုနှစ်၊ မတ်လ(၈)ရက်နေ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ“အရှိန်အဟုန်နဲ့တိုးတက်ဖို့၊ အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံစို့” (Invest in women: Accelerate progress) ဖြစ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ MSME Development Centre သည် ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် စီးပွားရေးဝန်ထုပ်ဝန်ပိုးများ အား ဖြေလျှော့ပေးနိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများဦးဆောင်သည့် တနိုင်တပိုင် စီးပွားရေး လုပ်ငန်းများအား ကူညီဆောင်ရွက်ရေးအတွက် ငွေကျပ် သိန်း ငါးရာ ကနဦးမတည်ငွေဖြင့် MSME Fund for Women စီမံကိန်းအား ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။တနိုင်တပိုင် အမျိုးသမီးများဦးဆောင်သည့် လုပ်ငန်းများအား ပံ့ပိုး နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အငယ်စား၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေး စင်တာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
