
၂၀၂၄ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာ မြှင့်တင်ရေးနေ့ (International Day for Mine Awareness and Assistance in Mine Action- 2024) အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MoHADM) ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MoWYCA) ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) တို့နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှရေး ပူးပေါင်းအဖွဲ့ (MCERP) တို့ ပူးပေါင်း၍ အောက်ပါအတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။
ကျင်းပမည့်နေ့ရက်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ (ကြာသပတေးနေ့)
ကျင်းပမည့်အချိန် ။ မြန်မာစံတော်ချိန်၊ ည (၇) နာရီ
ကျင်းပမည့်ပုံစံ ။ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
