ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနMyanmar Institute of Economy, Commerce and Industry (MIECI)ရက်စွဲ။ နိုဝင်ဘာလ (၁၁) ရက်၊ ၂၀၂၄ ခုနှစ်အကြောင်းအရာ။ “ She Trades Program” သင်တန်းသို့ တက်ရောက်နိုင်ပါရန် သင်တန်းသူ/ သင်တန်းသားများအား ခေါ်ယူခြင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ် များထဲမှ Myanmar Institute of Economy, Commerce, and Industry ၏ စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ဆောင်လျက်ရှိရာ CDM ကျောင်းသား/ကျောင်းသူများနှင့် CDM ဝန်ထမ်းများ၊ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ပြည်သူများအား ရည်ရွယ်၍ “ She Trades Program” သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေ) မှ စတင်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ အပတ်စဉ် (စနေ၊ တနင်္ဂနွေ) မြန်မာစံတော်ချိန် ညနေ (၄) နာရီမှ (၆) နာရီအထိ သင်ကြား ပို့ချသွားမည် ဖြစ်ပါသည်။“ She Trades Program” သင်တန်းအား စိတ်ဝင်စားသည့် CDM ကျောင်းသား/ ကျောင်းသူများ နှင့် CDM ဝန်ထမ်းများ၊ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ပြည်သူများ စာရင်းရေးသွင်း၍ ပါဝင် တက်ရောက်နိုင်ပါသည်။“She Trades Program” သင်တန်းပြီးမြောက်သည့် သင်တန်းသူ/သင်တန်းသား များအတွက် တပိုင်တနိုင်လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်၊ ဝင်ငွေရ လုပ်ငန်းများ လုပ်ကိုင်နိုင် ရန်၊ စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးဆောင်ရွက်ပေးမည့် လျာထား စီမံချက်များ ဆောင်ရွက် ထားလျက်ရှိပါသည်။She Trades Program သင်တန်းတက်ရောက်ရန် သတ်မှတ်ချက်များ(၁) “She Trades Program သင်တန်းအား စိတ်ပါဝင်စားသူဖြစ်ရမည်။(၂) “She Trades Program” သင်တန်းအား သင်တန်းချိန်ပြီးမြောက်အောင် တက်ရောက်နိုင်သူ ဖြစ်ရမည်။(၃) စီးပွားရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူ ဖြစ်ရပါမည်။(တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသူ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများ စိတ်ပါဝင်စားသူများ နှင့် အထူးသင့်လျော်ပါသည်။)(၄) သင်တန်းလျှောက်လွှာပါ အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းရမည်။(၅) ပြည်တွင်း/ပြည်ပရှိ တော်လှန်ပြည်သူများ လျှောက်ထားနိုင်သည်။(၆) သင်တန်းဦးရေ ကန့်သတ်ထားပါသည်။(၇) Zoom ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။သင်တန်းအစီအစဉ်- ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေ) မှ စတင်၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ- အပတ်စဉ် (စနေ၊ တနင်္ဂနွေ)၊ မြန်မာစံတော်ချိန် ညနေ (၄) နာရီမှ (၆) နာရီအထိ- သင်တန်းကာလ (၃) လခန့် ကြာမြင့်မည် ဖြစ်ပါသည်။ပို့ချမည့် သင်ခန်းစာခေါင်းစဉ်များDeciding to be entrepreneurModule 1 What is Entrepreneurship? What is a Start-up?Module 2 Why Entrepreneurship?Module 3 The Strengths of EntrepreneursModule 4 The Entrepreneurship CultureModule 5 InnovationModule 6 FailureDeveloping the ideaModule 7 Design ThinkingModule 8 The Lean Start-up MethodologyModule 9 Lean Market ResearchDetermining a Business ModelModule 10 Value PropositionModule 11 Having a Strong Business ModelModule 12 Building a Business Model CanvasModule 13 StorytellingPitching the businessModule 14 Essential FinancialsModule 15 Investors as an AudienceModule 16 Selling to InvestorsModule 17 The PitchFunding the ventureModule 18 Alternative Funding MethodsModule 19 Making a Deal With InvestorsModule 20 Borrowing MoneyBuilding up the teamModule 21 Creating Fruitful Business PartnershipsModule 22 Finding and Working with AdvisorsModule 23 Being an Effective LeaderModule 24 Building Your TeamSetting up the businessModule 25 Creating Your Company ImageModule 26 Setting Up Your CompanyModule 27 Hiring, Retaining and FiringApplication form (deadline November 29, 2024 )သင်တန်းလျှောက်လွှာတင်သွင်းရန် Linkhttps://go.nugmyanmar.org/0bd5da8bစုံစမ်းမေးမြန်းရန်She Trades Program (၃)လ သင်တန်းအတွက် သိရှိလိုသည်များကို mieci2024@gmail.com သို့ မေးလ်ပို့၍ မေးမြန်းစုံစမ်းနိုင်ပါသည်။မှတ်ချက်။ ပါဝင်တက်ရောက်သူများသည် သင်တန်းကာလ(၃)လအား တစိုက်မတ်မတ် တက်ရောက် ရန် လိုအပ်ပါသည်။လူဦးရေ ကန့်သတ်ထားပါသဖြင့် သင်တန်းကျင်းပရေးမှ တာဝန်ရှိသူများမှ စိစစ်ရွေးချယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။ သင်တန်းချိန်အတွင်း၌ Attendance Form ကောက်ယူသွားမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်သူများကိုသာ အသိအမှတ်ပြု ဂုဏ်ပြုလွှာမှတ်တမ်းအား ပြန်လည် ပေးပို့သွားမည် ဖြစ်ပါသည်။



