“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” ဆောင်ပုဒ်ဖြင့် ပြုလုပ်လျက်ရှိသည့် စစ်တပ်ထုတ်ကုန်သပိတ်မှောက်ကမ်ပိန်းအတွက် ဆရာမ မြူပါးရ်မှ ကဗျာရွတ်ဆို၍ စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေး နှိုးဆော်မှုစစ်တပ်ကို အမြစ်ဖြတ်ရမယ့်ကိစ္စ———/မြူပါးရ်စစ်တပ်ဟာ မျှော့စုတ်၊ သွေးကို စုပ်တယ်၊စစ်တပ်ဟာ ပေါင်းမြက်၊ သီးနှံဖျက်တယ်၊စစ်တပ်ဟာ ညောင်အဖျက်၊ သရက်မြိုတယ်၊စစ်တပ်ဟာ အက်ဆစ်၊ သိပ်ရက်စက်တယ်၊စစ်တပ်ဟာ မုဆိုး၊ အငြိုးမရှိ သတ်တယ်။တစ်ခါတစ်ခါမှာအပြစ်ကင်းလျက် နှိပ်စက်ခံရသူကိုယ်တိုင်ဟာရန်သူအားပေး ဖြစ်တတ်ပါသေးရဲ့၊ကိုယ်တိုင်က ခွင့်မပြုရင်ဘာအဆိပ်ပင်မှ မရှင်ဘူး၊သတိနဲ့ဆင်ခြင်၊ အသိနဲ့ပြင်မှရမယ်။မျှော့ကို အစာမကျွေးသင့်သလိုပေါင်းမြက်ကို တူးပစ်၊ညောင်မြစ်ကို ဖြတ်ခွဲအက်ဆစ်လည်း ဖယ်ကျဉ်၊မုဆိုးထက်လျင်မှရှင်သန်ကြရမယ် မဟုတ်လား၊ဒါဟာ စစ်တပ်ကို အမြစ်ဖြတ်ရမယ့်ကိစ္စ။ ။မြူပါးရ်#လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့#Boycottmilitaryproducts#SpringRevolution#မြူပါးရ်