ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သတ်၍ မိတ်ဆက်၊ အသိပေးခြင်း အခမ်းအနား ဖိတ်ကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး

ရက်စွဲ- ၂၀၂၃ခုနှစ်၊ မတ်လ(၃၁)ရက်

အကြောင်းအရာ။ ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ မိတ်ဆက်၊ အသိပေးခြင်း အခမ်းအနားသို့တက်ရောက်ပေးပါရန် ဖိတ်ကြားခြင်း

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်လျက် ရှိရာ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စင်တာမှ “ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ မိတ်ဆက်၊ အသိပေးခြင်း အခမ်းအနား” ကို ၂-၄-၂၀၂၃ ရက်နေ့ (တနင်္ဂနွေ)၊ မြန်မာ စံတော်ချိန် ညနေ ၆ နာရီ ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ CDMerများ၊ တော်လှန် ပြည်သူများ နှင့် စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင် တက်ရောက်နိုင်ပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

အစီအစဉ်-

Topic: “ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ မိတ်ဆက်၊ အသိပေးခြင်း အခမ်းအနား”

Date: Apr 2, 2023

Time: 06:00 PM Rangoon

Join Zoom Meeting

https://us06web.zoom.us/j/81787613652…

Meeting ID: 817 8761 3652

Passcode: 542654

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top