
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးသည် စစ်ဘေးရှောင်ကလေးများအား တွေ့ဆုံ၍ အာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ယူကေနိုင်ငံမှ အလှူရှင်များနှင့် Pyit Tine Htaung(UK) တို့မှ ထည့်ဝင်လှူဒါန်းပေးပါသော အလှူငွေများဖြင့် မဲဆောက်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ စစ်ဘေးရှောင်ကလေးများအား နို့၊ မုန်ပဲသရေစာများ၊ ထမင်းနှင့် ဟင်း အာဟာရကျွေးမွေးခြင်းအပြင် လိုအပ်သောဖိနပ်များကိုလည်း လှူဒါန်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းမှု၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အတူ ပညာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိ ဆရာ၊ ဆရာမများ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အတူတကွ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။






