ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အွန်လိုင်းဆွေးနွေးပွဲများတွင် ပဋိညာဉ်ကို စုံလင်ကွဲပြားသော ရှုမြင်သုံးသပ်မှုများ လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ တင်ပြသွားနိုင်ရန် ရည်ရွယ်ပါသည်။ အွန်လိုင်းဆွေးနွေးပွဲများ၏ ရလဒ်များအဖြစ် လူထု၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို သိရှိနားလည်မှု မြှင့်တင်ခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အားသာချက်၊ အားနည်းချက် များကို သုံးသပ်ခြင်းဖြင့် နွေဦးတော်လှန်ရေး၏ ဦးတည်ချက်များဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လူထုပါဝင်မှု၊ အင်အားစုများ ပေါင်းစည်းနိုင်မှုများဖြင့် တည်ဆောက် အကောင်အထည်ဖော်သွားနိုင်ကြရန် ရည်ရွယ်ပါသည်။

အထိမ်းအမှတ် ဆွေးနွေးပွဲများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို PDF အနေဖြင့် ရယူရန် – https://drive.google.com/…/1ouIya8S69HVbhI5P7es…/view

#NUCC#FDC#NUCC_NUG _Webinars

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top