“မြန်မာ့ရိုးရာ အတာသင်္ကြန် ဆုတောင်းစကား”

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်

မြန်မာ့ရိုးရာပြက္ခဒိန်အရ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းတော့မည့် အတာသင်္ကြန် အခါသမယတွင် မြန်မာနိုင်ငံတဝန်းရှိ လူမျိုးစုံ ပြည်သူလူထုတရပ်လုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းတို့ဖြင့် ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

လူထုတရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ခြေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်သို့ မနှေးအမြန် ရောက်ရှိစေရန် ဆထက်တိုး ကြိုးပမ်း အားထုတ်သွားမည့်အကြောင်း ဤအခါသမယတွင် ခိုင်ကျည်စွာ ထပ်လောင်း ကတိပြုအပ်ပါသည်။

နွေဦးတော်လှန်ရေးတွင် လူမျိုးစုံ လူထုတရပ်လုံး၏ ကိုယ်ကျိုးစွန့် ပါဝင်လုပ်ဆောင်မှု၊ ထောက်ခံ အားပေး ပံ့ပိုးမှုများအတွက်လည်း အထူးပင် ကျေးဇူးတင် ဂုဏ်ပြုပါသည်။

ဆက်လက်၍ ပါဝင်လုပ်ဆောင် ဝန်းရံ ပံ့ပိုး ထောက်ခံ အားပေးသွားကြပါရန်လည်း လေးမြတ်စွာ တိုက်တွန်း ပန်ကြား နှိုးဆော်လိုက်ရပါသည်။

ဒူဝါလရှီးလ

ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top