
ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ယုံကြည်ချက်ကြောင့် ကိုယ်လက်အဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ် ရန်ပုံငွေပွဲ ကျင်းပခဲ့ခြင်းနှင့် ရန်ပုံငွေများအား လှူဒါန်းခြင်း
ဖေဖော်၀ါရီလ (၂)ရက်၊ ၂၀၂၃ ခုနှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနနှင့် ယူကေနိုင်ငံမှ Community leaders, Fundraisers များစုပေါင်း၍ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇန်န၀ါရီလ (၁၄)ရက်နေ့က မိမိတို့၏ ယုံကြည်ချက်နှင့် ပြည်သူ့တော်လှန်ရေးအတွက် အလုပ်အကိုင်၊ အိမ်၊ မိသားစု၊ ချစ်ခင်သူတွေ အားလုံးကို စွန့်ထားခဲ့ရုံသာမက အသက်နှင့် ခန္ဓာပါ ပေးအပ်ထားကြသော တော်လှန်ရေး ညီအစ်အကိုမောင်နှမများကို ရည်ရွယ်၍ “ယုံကြည်ချက်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှု အစီအစဉ်” ရန်ပုံငွေပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲမှ ရရှိလာသော ရန်ပုံငွေ ထိုင်းဘတ်ငွေ (၄၁၀,၃၅ဝိ/-) တိတိ ကို အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာနသို့ ယုံကြည်ချက်ကြောင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအတွက် ကူညီစောင့်ရှောက်မှုများ ပြုလုပ်နိုင်ရန် ပြန်လည်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိလွှဲပြောင်းဆဲ ရန်ပုံငွေများကိုလည်း ဆက်လက်လှူဒါန်းသွားမည် ဖြစ်ပါသည်။










