
ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Sustainability Week Forum သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးတက်ရောက်ခြင်း
၂၀၂၃ခုနှစ်၊ မတ်လ (၂၉) ရက်မှ (၃၁) ရက်နေ့အထိ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Sustainability Week Forum သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတက်ရောက်ခဲ့ပါသည်။ ဖိုရမ်သို့ နိုင်ငံပေါင်းများစွာမှ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာ၀ပတ်၀န်းကျင် ပညာရှင်များ တက်ရောက်ခဲ့ပြီး Decarbonising business and industry, Financing a Greener Future, Circularity and Supply Chain, IT and Innovation, Net Zero Economy, Sustainable Transformation, Business Acceleration ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ညီလာခံအား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က Speeding the shift to sustainability ခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။



