
သပိတ်မှောက်ရမည့် စစ်တပ်ထုတ်ကုန်စာရင်းများ ဖြန့်ဝေခြင်း
ဖေဖော်ဝါရီ ၉၊ ၂၀၂၃
ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်တပ်နှင့်ဆက်နွယ်သော ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူများ သိရှိကာ သပိတ်မှောက်နိုင်ရေးအတွက် မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာအမြင့်လမ်းသပိတ်ကော်မတီ ပူးပေါင်းအဖွဲ့တို့သည် ဒေသတွင်းကျေးရွာများ၌ အသိပညာပေးဖြန့်ဝေခဲ့ကြပါသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်၏စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များကို ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှသပိတ်မှောက်ရှောင်ရှားပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ



