အကြမ်းဖက်စီးပွားရေးလုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၂/၂၀၂၁)

ရက်စွဲ။ ။ နိုဝင်ဘာလ (၁၀) ရက်၊ ၂၀၂၁ ခုနှစ်

==============

၁။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနှင့် ကာလရှည်ကြာ စိုးမိုးမှု မရှိစေရေး အတွက် စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများနှင့် ဝင်ငွေရလမ်းများအား ပိတ်ဆို့အရေးယူ ဖြတ်တောက်ခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။

၂။ အကြမ်းဖက်စစ်အုပ်စု၏ စီးပွားရေးအင်ပါယာသည် စျေးကွက်နယ်ပယ်စုံ၌ ထိုးဖောက် နေရာယူကာ စီးပွားအရေးအကျိုးအမြတ်များစွာ နှစ်စဥ်ရရှိနေသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC)သည် နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး၊ မလျော်သြဇာဖြင့် စစ်တပ်၏ လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စိစစ်တွေ့ရှိ ရသည်။

၃။ ယင်းသို့ နိုင်ငံတော်ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် အကြမ်းဖက် စစ်တပ်၏ စီးပွားရေး လုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) တို့နှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများအား အကြမ်းဖက် စီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း ထုတ်ပြန် ကြေညာအပ်သည်။

၄။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)တို့၏ ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း အလျဉ်းမပြုလုပ်ကြရန်နှင့် အဆိုပါလုပ်ရပ်များကို စစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံ အားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်အရေးယူသွားမည်ဖြစ်သည်။

ခင်မမမျိုး

ပြည်ထောင်စုဝန်ကြီး

စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

May be an image of text

2KArn Balerion, Htet Htet Wutt Yi Lwin and 2K others

45 Comments

494 Shares

Like

Comment

Share

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top