Customer Service of Small Business Training သင်တန်းကျင်းပခြင်း
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီပံ့ပိုးနိုင်ရန်အတွက် SME Development Centre ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Customer Service of Small Business Training သင်တန်းကို ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ (၈) ရက်နေ့မှ ဩဂုတ်လ(၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၁၄၅ ) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၄၀) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။
Customer Service of Small Business Training သင်တန်းကျင်းပခြင်း Read More »








