ယူကေနိုင်ငံ၊ လန်ဒန်မြို့၌ ကျင်းပသော Executive Security Forum သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးတက်ရောက်ခြင်း
ဖေဖော်ဝါရီလ(၂)ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၃ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်နေ့က ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Executive Security Forum သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတက်ရောက်ခဲ့ပါသည်။ ဖိုရမ်သို့ နိုင်ငံပေါင်းများစွာမှ လုံခြုံရေးပညာရှင်များ တက်ရောက်ခဲ့ပြီး Private security, corporate security, Cyber investigations and Digital Forensics, unpredictable travel risk management, OSINT, Panic and Technology, Vehicle threats and mobile phones weaponization, service mindset, emergency management ရေးရာများ ဆွေးနွေးခဲ့ကြပါသည်။
