ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် အနာဂတ် မျှော်ရည်ချက်များ စကားဝိုင်းတွင် ဝန်ကြီး ပါဝင်ဆွေးနွေးခြင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အနာဂတ်မျှော်ရည်ချက်များ ခေါင်းစဉ်ဖြင့် စကား၀ိုင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး ပါ၀င်ဆွေးနွေးခြင်း

၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ကျရောက်သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် နှစ်ပတ်လည် အခမ်းအနား ပူးတွဲကျင်းပရေးကော်မတီ (NUCC နှင့် NUG) မှ စကား၀ိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ရာ (၂၀၂၃) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင်ကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အနာဂတ်မျှော်ရည်ချက်များ ခေါင်းစဉ်ဖြင့် စကား၀ိုင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်ဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စု၀န်ကြီးမှ ဆွေးနွေးရာတွင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရာတွင် လိုအပ်သော Fiscal Federalism Genesis, Expenditures assignment, regulatory assignment, Tax assignment, Intergovernmental Transfers, Accountable and Equitable Governance, Institutional Arrangements of Fiscal Relations ဆိုင်ရာ ကိစ္စရပ်များ၊ စစ်တပ်နှင့် အပေါင်းအပါများ၏ လက်၀ါးကြီးအုပ် စီးပွားရေးစနစ်ကို တိုက်ဖျက်ရန် လိုအပ်ချက်များ၊ ဆင်းရဲနွမ်းပါးမှုများ လျှော့ချနိုင်ပြီး၊ အားလုံးတန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကြီးကို တည်ဆောက်နိုင်ရေး မူ၀ါဒများကို ဆွေးနွေးခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top