
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Economy, Commerce and Industry (MIECI)
ရက်စွဲ- အောက်တိုဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်
အကြောင်းအရာ။ Intellectual Property Program သင်တန်းသို့ ပါဝင် တက်ရောက်နိုင်ပါရန် ဖိတ်ကြားလွှာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များထဲမှ စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ မူပိုင်ခွင့်ဦးစီးဌာနနှင့် Myanmar Institute of Economy, Commerce and Industry တို့ပူးပေါင်း၍ CDM ကျောင်းသား/ ကျောင်းသူများ နှင့် CDM ဝန်ထမ်းများအတွက် ရည်ရွယ်၍ “Intellectual Property Program” သင်တန်းအား အောက်တိုဘာလ (၂၃)ရက် မှ (၂၄) ရက်နေ့အထိ ညနေ(၆) နာရီမှ ည(၈) နာရီအထိ၊ သင်ကြားပို့ချမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ “Intellectual Property Program” အား စိတ်ဝင်စားသည့် CDM ပြုလုပ် ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက် စာရင်းပေးသွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်-
ရက်စွဲ- အောက်တိုဘာလ (၂၃)ရက် မှ (၂၄) ရက်နေ့အထိ
အချိန်- ညနေ(၆)နာရီမှ ည(၈)နာရီအထိ
နေရာ- Online Zoom Meeting
သင်တန်းတက်ရောက်ရန် registration link :
(မှတ်ချက်- သင်တန်းလျှောက်လွှာလင့်အား ၂၁-၁၀-၂၀၂၃ ရက်နေ့ ည တွင် စာရင်းပိတ်မည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခွင့်ရကြောင်းကို ၂၂-၁၀-၂၀၂၃ ရက်နေ့တွင် မေးလ်ဖြင့် အကြောင်းကြားမည် ဖြစ်ပြီးသင်တန်းလင့်လည်း မေးလ်ဖြင့် ပေးပို့သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Primary mailbox သာမက Spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)
