
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်ရေးဦးစီးဌာန နှင့်
Myanmar Institute of Economy, Commerce and Industry (MIECI)
ရက်စွဲ။ နိုဝင်ဘာလ (၉) ရက်၊ ၂၀၂၃ ခုနှစ်
အကြောင်းအရာ။ Cross Border Trade Policy သင်တန်းသို့ ပါဝင်တက်ရောက်နိုင်ပါရန် ဖိတ်ကြားလွှာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce, and Industry ၏ စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ CDM ကျောင်းသား/ ကျောင်းသူများနှင့် CDM ဝန်ထမ်းများအတွက် ရည်ရွယ်၍ “Cross Border Trade Policy” သင်တန်းအား နိုဝင်ဘာလ (၁၁)ရက် မှ (၁၂) ရက် နေ့အထိ ညနေ(၈) နာရီမှ ည (၁၀) နာရီအထိ သင်ကြားပို့ချမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ “Cross Border Trade Policy” သင်တန်းအား စိတ်ဝင်စားသည့် CDM ကျောင်းသား/ကျောင်းသူများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက် စာရင်းပေးသွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်-
ရက်စွဲ- နိုဝင်ဘာလ (၁၁)ရက် မှ (၁၂) ရက်နေ့အထိ
အချိန်- ညနေ (၈) နာရီမှ ည (၁၀) နာရီအထိ
နေရာ- Online Zoom Meeting
သင်တန်းတက်ရောက်ရန် registration link :
(မှတ်ချက်- သင်တန်းတက်ရောက်ရန် registration ပြုလုပ်ပြီးပါက သင်တန်းတက်ရောက်ခွင့်ရသူများအတွက် လင့်အား အီးမေးလ်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါ၍ Primary mailbox သာမက spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)
