Consultation Meeting on State-Owned Enterprise policy ( Draft) အား ကျင်းပဆောင်ရွက်ခြင်း

Consultation Meeting on State-Owned Enterprise policy ( Draft) အား ကျင်းပဆောင်ရွက်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်နိုင်ငံတကာရေးရာဦးစီးဌာနသည် ကြားကာလ မူဝါဒရေးရာလုပ်ငန်းကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Consultation Meeting on State-Owned Enterprise policy ( Draft) အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ ညနေ(၄း၀၀) နာရီတွင် ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဒေါ်မေရီငယ်က Consultation Meeting on State-Owned Enterprise Policy ( Draft) သို့ တက်ရောက်လာကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသွင်ကူးပြောင်းကာလအတွက် နိုင်ငံတော်ပိုင်စီးပွါးရေးလုပ်ငန်းများ(SOE)နှင့် ပတ်သတ်၍ ပြည်သူများကို အကျိုးပြုစေမည့် မူဝါဒရေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတော်ပိုင် စီးပွါးရေးများသည် နိုင်ငံတစ်ခုတိုးတက်ရန် တည်ဆောက်ရာတွင် အရေးကြီးကြောင်း၊ ယခင်က State-Owned Enterprise များကို နိုင်ငံတော်အတွက် အကျိုးအမြတ်ရရှိစေရန် သေချာပြုပြင်ပြောင်းလဲမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း ၊ ယခုအခါ ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်ရာတွင် sector အလိုက် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်သွားရန် ရည်ရွယ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာမှုနှင့် စောင့်ကြည့်စစ်ဆေးမှုစနစ်တို့သည်လည်း အရေးကြီးကြောင်းနှင့် လက်ရှိ ရေးဆွဲထားသော နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းများဆိုင်ရာ မူဝါဒ မူကြမ်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ကပိုင်ပြီး ပြည်သူလူထုကို အမှန်တကယ် အကျိုးပြုမည့် စီးပွါးရေးများပေါ်ထွန်းလာစေရန် အတွက် ရည်ရွယ်ကာ ရည်ရှည်မျှော်မှန်းချက်ဖြင့် negative impacts များကို တက်နိုင်သမျှ လျှော့ချ၍ privatization သို့ အဆင့်ဆင့်ကူးပြောင်းသင့်ကြောင်းပြောကြား၍ နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ကြားကာလတွင် ရေးဆွဲထားသော State-Owned Enterprise Policy ( Draft) နှင့်ပတ်သက်၍ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ ၊ CDMersများ ၊ တော်လှန်ပြည်သူများနှင့် အပြန်အလှန် ဆွေးနွေးခြင်း ၊ အကြံဉာဏ်ရယူခြင်း မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး Consultation Meeting သည် ည (၄:၅၀) အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top