
မြန်မာနိုင်ငံဟာ နယ်ချဲ့ကိုလိုနီလက်အောက်မှ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ လွတ်လပ် သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် လွတ်လပ်ရေးရရှိခဲ့သော်လည်း မြန်မာစစ်အာဏာရှင် အဆက်ဆက်၏ အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်များစွာကြောင့် တိုင်ရင်းသားပြည်သူများမှာ လွတ်လပ်ရေး၏ စံတန်ဖိုးများ၊ အနှစ်သာရများကို ယနေ့ထက်တိုင် ဆုံးရှုံးလျက်ရှိပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မတရားအာဏာသိမ်းပြီးချိန်မှစပြီးတော့ ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုလုပ်ရပ်များ၊ မတရားနှိပ်စက်သတ်ဖြတ်မှုလုပ်ရပ်များ၊ လူ့အခွင့် အရေးချိုးဖောက်မှုများ စတဲ့ အကြမ်းဖက်မှုများစွာကို ပြောင်ပြောင် တင်းတင်း ကျူးလွန်လျက်ရှိပါတယ်။
ထိုသို့ ပြည်သူများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်များစွာကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နိုင်ရန် ပံ့ပိုးပေးနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် အထူးလိုအပ်ပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ဖို့အတွက် ပြည်သူများအနေနဲ့ စစ်အာဏာရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များကို အစဉ်တစိုက် သပိတ်မှောက် ရှောင်ကြဉ်ကြဖို့ အထူးအရေးကြီးပါတယ်။
ပြည်သူ့အားနဲ့ စစ်တပ်ရဲ့ ဝင်ငွေရလမ်းကြာင်းများကို ဖြတ်တောက်နိုင်ဖို့ ပြည်သူအားလုံးပါဝင်နိုင်ဖို့အတွက်
“လွတ်လပ်ရေးအနှစ်သာရ ခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” ![]()
ဆိုတဲ့ Campaign Theme နဲ့အတူ စစ်တပ်ထုတ်ကုန်သပိတ်မှောက်ကမ်ပိန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှ စတင်၍ ကျင်းပသွားမှာပဲဖြစ်ပါတယ်။
ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ လွတ်လပ်ရေးရဲ့ အနှစ်သာရများ၊ စံတန်ဖိုးများကို မခံစားရကြောင်းကို ဖော်ထုတ်ပြသရေး၊ စစ်အာဏာရှင်စနစ်အမြတ်ပြတ်ဖို့ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ဖို့ အရေးကြီးကြောင်းကို ပြသနိုင်ရေး၊ စစ်တပ်ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူအားလုံး အစဉ်တစိုက်ပါဝင်သပိတ်မှောက်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေကို ဖော်ထုတ်ပြသဖို့ ကမ်ပိန်းအတွင်း ဆောင်ရွက်သွားမယ့် Profile Campaign မှာပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းအပ်ပါတယ်။
အောက်ဖော်ပြပါ အဆင့်များအတိုင်း လုပ်ဆောင်ပြီး Profile Campaign ကိုပါဝင်အားဖြည့်နိုင်ဖို့ မိမိပုံနှင့်တွဲ၍ Profile picture ပြောင်းနိုင်ပါပြီ ။
ဒီ Profile Campaign ကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ကနေ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ပါဝင်ပေးရမှာဖြစ်ပါတယ်။
Profile Frame ထားနည်း-
༺༺༺༺༺༺༺༺
အောက်ပါ Link ကို နှိပ်ပါ။
1) https://twb.nz/boycottmilitaryproducts
2) Choose photoကိုနှိပ်ပါ၊
3) Files Managerထဲက မိမိ profileသုံးမယ့်ပုံကိုရွေးပါ၊
4) Nextကို နှိပ်ပါ၊
5) Downloadကို နှိပ်ပါ၊
6) Copyကို နှိပ်ပါ။
ပြီးပါပြီ။ ![]()
ဂယ်လာရီထဲသွားပြီး Download ထားတဲ့ပုံကို မိမိ Facebookမှာ Profileတင်နိုင်ပါပြီ။
လွတ်လပ်ရေးရဲ့ စစ်မှန်တဲ့အနှစ်သာရများ၊ စံတန်ဖိုးများကို အပြည့်အဝခံစားရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြတ်ပြတ်ပပျောက်ဖို့အတွက် စစ်တပ်ထုတ်ကုန်များကို အစဉ်တစိုက် သပိတ်မှောက်ကြပါစို့။
![]()
![]()
Profile Camapign ကိုပါဝင်တဲ့အခါ အောက်က Hashtag လေးတွေပါ, ပါအောင်ထည့်ပြီး Campaign ကိုအားဖြည့်ပေးကြဖို့မေတ္တာရပ်ခံပါတယ်နော်![]()
![]()
![]()
#လွတ်လပ်ရေးအနှစ်သာရ ခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့
#စစ်တပ်ထုတ်ကုန်သပိတ်မှောက်ကမ်ပိန်း
#စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့
