UK နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Commercialising Quantum Global 2023 Summit

ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက်ရောက်ခြင်း

၂၀၂၃ခုနှစ်၊ မေလ (၁၇)မှ (၁၈) ရက်နေ့အထိ ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင် From qubits to profits: achieving near-term quantum advantage ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသော Commercialising Quantum Global 2023 Summit သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးတက်ရောက်ခဲ့ပါသည်။ ဖိုရမ်သို့ နိုင်ငံပေါင်းများစွာမှ အစိုးရများ၊ ပညာရှင်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သဘာ၀ဘေးအန္တရာယ် တုန့်ပြန်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်ထုတ်လုပ်မှု၊ ကာကွယ်ရေးနှင့် နိုင်ငံတော်လုံခြုံရေး၊ ထောက်လှမ်းရေးနှင့် သတင်းအချက်အလက်လုံခြုံရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် သတင်းမီဒီယာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရေး၊ မှုခင်းတားဆီးရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေး စသည့် ကဏ္ဍများတွင် quantum နည်းပညာကို အသုံးချနိုင်ရေး ဆိုင်ရာ အကြောင်းအရာများနှင့် quantum မဟာဗျူဟာရေးရာများကို ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စု၀န်ကြီးမှ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် နည်းပညာဖွံ့ဖြိုးရေးအခြေအနေများ၊ စစ်အာဏာသိမ်းမှုကြောင့် နည်းပညာဖွံ့ဖြိုးမှု တုန့်ဆိုင်းသွားရသည့်အခြေအနေများ၊ quantum advantage ကို နိုင်ငံတကာ တိုးတက်မှုလှိုင်းလုံးနှင့်အညီ လိုက်ပါဆောင်ရွက်ရယူနိုင်ရေးအတွက် တော်လှန်ရေးအောင်နိုင်ပြီးကာလ၊ တိုင်းပြည်တည်ဆောက်ရေးတွင် အသုံးပြုရန် quantum strategy နှင့် quantum ecosystem တည်ဆောက်နိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားချက်များကို ပါ၀င်ဆွေးနွေးခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top