UK နိုင်ငံ၊ Norwich မြို့တွင် ကျင်းပသော Competition Policy: Forntiers in Competition and Regulation Confetence

ယူကေနိုင်ငံ၊ Norwich မြို့တွင် ကျင်းပသော Competition Policy: Frontiers in competition and Regulation Conference သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ၊ ပြည်ထောင်စု၀န်ကြီးတက်ရောက်ခြင်း

၂၀၂၃ခုနှစ်၊ ဇွန်လ (၁၅)မှ (၁၆) ရက်နေ့အထိ ယူကေနိုင်ငံ၊ Norwich မြို့တွင် Frontiers in competition and Regulation ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပသော Competition Policy Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး တက်ရောက်ခဲ့ပါသည်။ ကွန်ဖရင့်သို့ နိုင်ငံပေါင်းများစွာမှ အစိုးရများ၊ ပညာရှင်များနှင့် Competition and Market authorities များ တက်ရောက်ခဲ့ပြီး Competition, Freedom to Operate, Measuring Innovation, Digital Platforms, Proliferation and Entry Deterrence, Competition law and policy, Supply Chain Resilience, Energy Price Resilience, Systemic Risk Mitigation, Access to Justice in Competition Appeal Tribunal, Natural Monopoly Paradox, Subsidy Control Regime, Mergers and Acquisition ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု၀န်ကြီးမှ မြန်မာနိုင်ငံ၏ လက်ရှိ စစ်အာဏာရှင်နှင့် အပေါင်းအပါများ၏ စီးပွားရေး လက်၀ါးကြီးအုပ်မှုအခြေအနေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ယှဉ်ပြိုင်မှု အားကောင်းစေရန် ဆောင်ရွက်သင့်သော စီးပွားရေး၀န်းကျင်အခင်းအကျင်း၊ လက်၀ါးကြီးအုပ် စီးပွားရေးစနစ်ကို ဆန့်ကျင်နိုင်သော ဥပဒေနှင့် မူ၀ါဒများ ချမှတ်နိုင်ရေး၊ Competition Commission, Market abuse control bodies များ၏ ဆောင်ရွက်ချက်များ ထိရောက်မှုရှိစေရေးဆိုင်ရာ အကြံပြုချက် များကို တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top