
ကင်မ်နှင့်ပြည်သူအတူတူ” ပန်းချီကားပေးအပ်ခြင်းအခမ်းအနား ကျင်းပဆောင်ရွက်ခြင်း
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နွေဦးနှင်းဆီအင်တာပရိုက်မှ စစ်ရှောင်ပြည်သူ ဖေးမကူတွဲကာ ကြည်ဖြူဝိုင်းလို့လှူ “ကင်မ်နှင့်ပြည်သူအတူတူ”ရန်ပုံငွေကမ်ပိန်းအား ဆောင်ရွက်ခဲ့ရာ ပန်းချီကား မဲပေါက်သူအား ပန်းချီကား ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် ယူကေနိုင်ငံ၊ လန်ဒန်မြို့၊ Grand Royale Hotel ၌ ကျင်းပဆောင်ရွက်ပြီး ဖြစ်ပါသည်။
အဆိုပါ ပန်းချီကားပေးအပ်ခြင်း အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက “ကင်မ်နှင့်ပြည်သူအတူတူ” ရန်ပုံငွေကမ်ပိန်း၌ ပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးပါသော အမေဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်၊ ပန်းချီဆရာမနုယဉ်၊ ဒါရိုက်တာ ကိုပေါက်၊ ဆရာမဝိုင်း၊ နွေဦးနှင်းဆီအင်တာပရိုက်အဖွဲ့သားများ၊ OFP Fundraiser များ၊ ပြည်သူလူထုများ၊ ကင်မ်နှင့်ပြည်သူအတူတူ ကမ်ပိန်း၌ ပါဝင်ခဲ့သူအားလုံး တစ်ဦးတစ်ယောက်ချင်းစီ ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခြင်း၊ “ကင်မ်နှင့်ပြည်သူအတူတူ”ပန်းချီကား မဲပေါက်သွားသည့် ပစ်တိုင်းထောင်(ယူကေ) အား ကင်မ်မှ ပန်းချီကား ပေးအပ်ခဲ့ပြီး ကင်မ်အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ခြင်း၊ အမေ့နှင့်သား မေတ္တာဖွဲ့ သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ စကားများ ပြောကြားခြင်း၊ မှတ်တမ်းတင်စုပေါင်းဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် “ကင်မ်နှင့်ပြည်သူအတူတူ” ပန်ချီးကား ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။











