ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သတ်၍ အီတလီနိုင်ငံ TG1 National Television Channel တွင် အင်တာဗျူး

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အီတလီနိုင်ငံ၊ TG1 National Television Channel နှင့် ပြည်ထောင်စု၀န်ကြီးမှအင်တာဗျူးဖြေကြားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇ၀တ်မှုများကိုထုတ်ဖော်ခဲ့သည်။ သတင်စာများ၊ ရေဒီယိုသတင်းဌာနများနှင့်လည်း အင်တာဗျူးများပြုလုပ်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပွားချင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ၀န်ကြီးဌာနမှ ဘတ်ဂျက်သိန်းတရာကနဦးချမှတ်ဆောင်ရွက်ခဲ့ပြီး အလှူရှင်များ လှူဒါန်းလာမှုများကိုလည်း လက်ခံလွှဲပြောင်းမှုများ ပြုလုပ်လျက်ရှိသည်။ စစ်အုပ်စု၏ war crimes, crimes against humanity, genocide crimes များကိုဆက်လက်ဖွင့်ချပြီး၊ စစ်အုပ်စု၏ မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခြယ်လှယ်မှုများနှင် စီးပွားရေးပြစ်မှုများအား နိုင်ငံတကာဥပဒေများ၊ အရေးယူဆောင်ရွက်မှုများအရှိန်မြင့်တက်လာစေရန် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှဆက်လက်ဆောင်ရွက်သွားမည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top