ကလေးမြို့လူထုသပိတ် ရက်ပေါင်း (၁၀၀၀) ပြည့် အခမ်းအနား၌ ဗွီဒီယိုဖိုင်ဖြင့်ဂုဏ်ပြုအားပေးစကားပြောကြားခြင်း

ကလေးမြို့လူထုသပိတ် ရက်ပေါင်း (၁၀၀၀) ပြည့် အခမ်းအနား၌ ဗွီဒီယိုဖိုင်ဖြင့်ဂုဏ်ပြုအားပေးစကားပြောကြားခြင်း

ကလေးမြို့လူထုသပိတ်သည် အကြမ်းဖက်စစ်တပ်မှ အာဏာကို မတရားသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၇) ရက်နေ့မှစတင်၍ တရက်မပျက်၊ အလံမလိပ် အသံမတိတ် သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ ၅-၁၁-၂၀၂၃ ရက်နေ့ တွင် “ကလေးမြို့လူထုသပိတ် ရက်ပေါင်း ၁၀၀၀ ပြည့် “ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ “ကလေးမြို့လူထုသပိတ် ရက်ပေါင်း ၁၀၀၀ ပြည့် “ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး က ပြည်သူလူထုအား ဗွီဒီယိုဖိုင်ဖြင့် ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top