“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဉ်၌ တော်လှန်ပြည်သူများ ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင်း

“တော်လှန်ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဉ်၌ တော်လှန်ပြည်သူများ ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင်း

ရက်စွဲ- နိုဝင်ဘာလ (၂၂)ရက်၊၂၀၂၃ ခုနှစ်၊

အကြောင်းအရာ။ ” တော်လှန်ထောက်ကူ ပညာယူ” အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချမည့် Mini-MBA (၆) လ သင်တန်းအား တက်ရောက်ရန် သင်တန်းသားများခေါ်ယူခြင်း။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်း စဉ်များထဲမှ MSME Development Centre ၏ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တော်လှန်ရေးအင်အားစုများအား ရိက္ခာနှင့် တော်လှန်ရေးအထောက်အကူပြုလုပ်ရန် ရည်ရွယ်၍ “တော်လှန်ထောက်ကူ ပညာယူ” အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချမည့် Mini-MBA (၆) လ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှစတင်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ အထိ အပါတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း မြန်မာချိန်ညနေ (၄) နာရီမှ (၆) နာရီအထိ သင်ကြားပို့ချမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ စိတ်ပါဝင်စားသော ပြည်တွင်းပြည်ပ တော်လှန်ပြည်သူများ၊ သင်တန်းတက်ရောက်နိုင်ရန်အတွက် အောက်ဖော်ပြပါ သင်တန်း လျှောက်လွှာ Link ၌ စာရင်းတင်သွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

သင်တန်းလျှောက်လွှာတင်သွင်းရန် Link https://docs.google.com/…/1FAIpQLSewwf8xP3y…/viewform…

Mini MBA Program သင်တန်းတက်ရောက်ရန် သတ်မှတ်ချက်များ

(၁) ဆယ်တန်းအောင် (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

(၂) သင်တန်းကြေးအား ကျပ် (၃) သိန်း သတ်မှတ်ထားပါသည်။

(၃) သင်တန်းလျှောက်လွှာပါအချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းရမည်။

(၄) ပြည်တွင်းပြည်ပတော်လှန်ပြည်သူများ လျှောက်ထားနိုင်သည်။

(၅) Zoom ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

သင်တန်းကြေးပေးချေရမည့်နည်းလမ်း

” တော်လှန်ထောက်ကူ ပညာယူ”အစီအစဉ်ဖြင့် ဖွင့်လှစ်ပို့ချမည့် Mini-MBA(၆) လ သင်တန်း အတွက် သင်တန်းကြေးများကို NUG Pay ဖြင့်ပေးချေနိုင်သည်။

စုံစမ်းမေးမြန်းရန်

Mini- MBA (၆)လသင်တန်းအတွက်သိရှိလိုသည်များကို msme.monnug@gmail.com သို့ မေးလ်ပို့၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top