ကြေညာချက်အမှတ်(၃/၂၀၂၁)

၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်

အမည်ပျက်စာရင်းကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မတရားသောအမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) ပြုလုပ်နေကြသောဝန်ထမ်းများ၏ လူမှုူဖူလုံရေးနှင့် လုံခြုံရေးအတွက် အထူးအလေးပေးဆောင်ရွက် လျက်ရှိပါသည်။

၂။ CDM လုပ်ဆောင်နေကြ‌သောဝန်ထမ်းများအားလုံးသည် နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ် အကျိုးအတွက် အာဏာရှင်ကိုတွန်းလှန်နေကြသော သူရဲကောင်းများဖြစ်ပါသည်။ CDM လှုပ် ရှားမှုတွင် ပါဝင်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အလုပ်ထုတ်ခံရခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ပင်စင်ခံစားခွင့်မရခြင်း၊ လတ်တလော ကွယ်လွန်သည့်အခါတွင် ပင် နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် ခံစားခွင့်မရရှိခြင်းစသည့် မတရားဖိနှိပ်မှုများကို ခံစားနေ ကြရပါသည်။

၃။ CDM လုပ်ဆောင်နေကြ‌သောဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ခြိမ်း ခြောက်အကြပ်ကိုင် ဖိအားပေးလျက်ရှိသည့် ဝန်ထမ်းအကြီးအကဲများ၊ အရာထမ်းများသည် နိုင်ငံတော်ပုန်ကန် မှုနှင့်ဆိုင်သော ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် အရေးယူထိုက်သူများဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးလျက်ရှိသော နိုင်ငံ နှင့်ပြည်သူကို သစ္စာဖောက်သည့် အောက်ဖော်ပြပါ ဝန်ထမ်းအကြီးအကဲများ၊ အရာထမ်းများကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်‌ကြေညာပြီး ၎င်းတို့၏ ရာထူးဖြစ်တည်မှုအပါအဝင် ကိစ္စအဝဝကို အစိုးရအနေဖြင့် အသိအမှတ်ပြုတော့မည်မဟုတ်ကြောင်းနှင့် ၎င်းတို့ အားလုံးကို ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ကြောင်း ‌ကြေညာလိုက်သည်။

ခင်မမမျိုး

ပြည်ထောင်စုဝန်ကြီး

စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top