စားသုံးသူကာကွယ်စောင့်ရှောက်ရေး မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

ဇန်န၀ါရီလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အနာဂတ်တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ စီးပွားရေးမူဝါဒ(မူကြမ်း)များ ပြုစုရေးသားပြီး၊ အားလုံးပါဝင်သော စီးပွားရေးမူဝါဒ (မူကြမ်း)၊ Intellectual Property မူဝါဒ (မူကြမ်း)၊ နယ်စပ်ကုန်သွယ်ရေး မူဝါဒ (မူကြမ်း)၊ ယှဉ်ပြိုင်မှုမူဝါဒ (မူကြမ်း) များနှင့် စပ်လျဉ်းသည့် အကြံပြုအလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပခဲ့ပါသည်။ စားသုံးသူ ကာကွယ် စောင့်ရှောက်ရေးမူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၂ခုနှစ်၊ ဇန်န၀ါရီလ (၁၈)ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး၊ စားသုံးသူမူဝါဒဆိုင်ရာသဘောတရားများ၊ အသုံးပြုနိုင်မှုနယ်ပယ်၊ ရည်ရွယ်ချက်၊ မူဝါဒပြဌာန်းချက်၊ ကင်းလွတ်ခွင့်၊ အကောင်အထည်ဖော်ဆောင်မှုပုံစံများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top