စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး နှစ်သစ် မိန့်ခွန်း

အားလုံးပဲ မင်္ဂလာပါ။

၂၀၂၁ ခုနှစ်ဟာ အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုတွေကြောင့် ပြည်သူလူထုတရပ်လုံး စိတ်ဒုက္ခရောက်ခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်၊ ဒီလို နှစ်မျိုး ကုန်ဆုံးမှုနဲ့အတူ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အနာဂတ် အဆုံးသတ်သွား‌တော့မယ်ဆိုတာ ကျမတို့ ယုံကြည်ထားတယ်။ ၂၀၂၂ ခုနှစ်မှာ ပြည်သူ့အောင်ပွဲနှစ် ဖြစ်ဖို့ ကျမတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းနေ ကြပါတယ်။ ခေတ်အဆက်ဆက် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ သတ်ဖြတ်ညှဉ်းဆဲ ဖိနှိပ်ရမ်းကား ဒုက္ခပေးနေတဲ့ စစ်ကြီး သုံးစစ်ကို ကျမတို့ မြေလှန် အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းသွားရပါမယ်။ ဖက်ဆစ်အတွေးအခေါ်တွေနဲ့ ပြည်သူလူထုကို အနိုင်ကျင့်တဲ့ စစ်တပ်၊ စစ်တပ်အသွင်ပြောင်း အရာရှိတွေနဲ့ တည်ဆောက်ထားတဲ့ စစ်ဗျူရိုကရက် အုပ်ချုပ်ရေးစနစ်၊ တပ်ဟောင်းတပ်သစ် အနွယ်တော်များ၊ မိတ်ဆွေများနဲ့ တည်ဆောက်ထားတဲ့ စစ်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၊ ဒီစစ်သုံးစစ်ကို ကျမတို့ ဖယ်ရှားကြရပါမယ်။ ဒီစစ်တွေ မရှိရင် ကျမတို့ တိုင်းပြည်ကြီးဟာ သာတူညီမျှမှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုတို့ကို အခြေတည်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး စစ်စစ် ဖြစ်လာတော့မှာပါ။ မတရားမှုဟာ ဥပဒေဖြစ်လာရင် တော်လှန်ခုခံမှုဟာ တာဝန်တရပ်ဖြစ်လာတယ် ဆိုတဲ့အဆိုအမိန့်အတိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသော ပြည်သူတရပ်လုံးကို ဦးညွတ်ပါတယ်။ နှစ်သစ်မှာ ပြည်သူ့အောင်ပွဲကို အရယူကြရအောင်။ ကျမတို့အားလုံး နိုင်ကိုနိုင်ရမယ်။ ပြည်သူတွေ နိုင်ကိုနိုင်ရမယ်။ ပြည်သူ့တော်လှန်ရေးကြီးမှာ အားလုံးပါဝင် ကြပါစို့။

ခင်မမမျိုး

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ဇန်နဝါရီလ ၁ရက်၊ ၂၀၂၂ ခုနှစ်

https://fb.watch/eWx4q8KEtb/

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top