ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်တွေ့ ပွဲ

“ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်တွေ့ဆုံပွဲ” သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း

၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၃ ရက်

အီတလီနိုင်ငံ၊ ရောမမြို့တွင် “ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်တွေ့ဆုံပွဲ”ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ပြုလုပ်ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ပင်လုံစာချုပ်သမိုင်း၊ ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ယန္တရားအောက် ကျရောက်ခြင်း၊ တိုင်းရင်းသားတို့ အခွင့်အရေးဆုံးရှုံးရခြင်း အကြောင်းအရာများကို ပြောကြားကာ နိုင်ငံတော်သစ်အတွက် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး၊ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးများကို ဖြိုချရန်နှင့် သာတူညီမျှခြင်း၊ တန်းတူညီမျှခြင်းကို အခြေခံသည့် ခိုင်မာသောဖက်ဒရယ်စနစ် ပေါ်ပေါက်လာရန် ကြိုးစားကြရမည်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းရင်းသားများ၏ ပါဝင်မှုများ၊ တော်လှန်ရေးနှင့် ဖက်ဒရယ်ကဏ္ဍ၊ နွေဦးတော်လှန်ရေး အခြေအနေများကို မေးမြန်းခဲ့ကြပြီး ဝန်ကြီးမှ လက်ရှိနိုင်ငံရေးနှင့် တော်လှန်ရေးအခြေအနေများ၊ လိုအပ်ချက်များ၊ လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍ၊ အနာဂတ်အစီအစဥ်များကို ရှင်းလင်း တင်ပြ ဆွေးနွေးသွားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသော အီတလီရောက်မြန်မာမိသားစုများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများနှင့် ရင်းနှီးခင်မင်စွာ နှုတ်ဆက်စကားပြောကာ အစီအစဥ်ကို ရုပ်သိမ်းခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top