
စစ်တပ်ထုတ်ကုန်သပိိတ်မှောက်လှုပ်ရှားမှု
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်
“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့”
“သွေးစွန်းငွေ ဖြတ်တောက်ဖို့ လက်မှတ်ရေးထိုးစို့”
“စစ်တပ်ဝင်ငွေဖြတ်တောက်ကြ တော်လှန်ရေးကိုထောက်ပံ့ကြ”
“စစ်တပ်ထုတ်ကုန်ဆန့့်ကျင်ရေး ပြည်သူအားလုံးပါဝင်ပေး”
“စစ်တပ်ထုတ်ကုန်အားလုံးရပ် စစ်ကောင်စီယန္တယားမလည်ပတ်”
“စစ်တပ်ဝင်ငွေထောက်တိုင် ဖြတ်တောက်ဖို့ MOGEကို ဆန့်ကျင်စို့”
“စစ်တပ်ထုတ်ကုန်မှန်သမျှ ပတ်ဝန်းကျင်မှာ မရှိစေရ” စသည့် စာသားများကိုင်ဆောင်၍
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM မှ ရဲဘော်များက ကြွေးကြော်သပိတ်မှောက်ခဲ့ကြပါသည်။
စစ်အာဏာရှင်များသည် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားပြုကာ ၎င်းတို့အကျိုးစီးပွားအတွက် စစပ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းများကို မတရားရယူဆောင်ရွက်လျက်ရှိကြပြီး ၎င်းလုပ်ငန်းများမှ ရရှိသောငွေကြေးများဖြင့် စစ်အာဏာရှင်စနစ်အမြစ်တွယ်ရန်နှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ပြုလုပ်လျက်ရှိကြပါသည်။
စစ်အာဏာရှစ်စနစ်အမြစ်ပြတ်ပပျောက်ရန်နှင့် စစ်တပ်ဝင်ငွေများကို ဖြတ်တောက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များကို သပိတ်မှောက်ပေးကြပါရန် အလေးအနက်ထားလိုက်တွန်းအပ်ပါသည်။
စစ်တပ်ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လေ့လာသိရှိလိုပါက waywaynay website ဖြစ်သည့် https://waywaynay.com/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
စစ်တပ်ထုတ်ကုန်များနှင့်ပတ်သက်သည့် မေးခွန်းများအား https://boycottmyanmarmilitaryproducts.vercel.app/ တွင် ဝင်ရောက်ဖြေဆို၍ လေ့လာနိုင်ပါသည်။
#မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM
#စစ်တပ်ထုတ်ကုန်သပိတ်မှောက်လှုပ်ရှားမှုကမ်ပိန်း
#လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့

