မြောင်မြို့နယ် လူငယ်နှင့်အမျိုးသမီးတပ်ဖွဲ့ လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်

“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့”

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်

​စစ်တပ်ထုတ်ကုန်သပိတ်မှောက်လှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်ရေးအတွက်

မြောင်လူငယ်နှင့်အမျိုးသမီးတပ်ဖွဲ့အနေဖြင့်

“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” စာတန်းကိုင်ဆောင်၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါသည်။

စစ်အာဏာရှင်များသည် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားပြုကာ ၎င်းတို့အကျိုးစီးပွားအတွက် စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းများကို မတရားရယူဆောင်ရွက်လျက်ရှိကြပြီး ၎င်းလုပ်ငန်းများမှ ရရှိသောငွေကြေးများဖြင့် စစ်အာဏာရှင်စနစ် အမြစ်တွယ်ရန်နှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ပြုလုပ်လျက်ရှိကြပါသည်။

စစ်အာဏာရှစ်စနစ်အမြစ်ပြတ်ပပျောက်ရန်နှင့် စစ်တပ်ဝင်ငွေများကို ဖြတ်တောက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များကို သပိတ်မှောက်ပေးကြပါရန် အလေးအနက်ထားလိုက်တွန်းလိုက်ရပါသည်။

📌စစ်တပ်ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လေ့လာသိရှိလိုပါက waywaynay website ဖြစ်သည့် https://waywaynay.com/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။

📌စစ်တပ်ထုတ်ကုန်များနှင့်ပတ်သက်သည့် မေးခွန်းများအား https://boycottmyanmarmilitaryproducts.vercel.app/ တွင် ဝင်ရောက်ဖြေဆို၍ လေ့လာနိုင်ပါသည်။

#M2W

#​မြောင်လူငယ်နှင့်အမျိုးသမီးတပ်ဖွဲ့

#စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့

#စစ်တပ်ဝင်ငွေဖြတ်တောက်ဖို့ စစ်တပ်ထုတ်ကုန်ရှောင်ရှားစို့

#စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေး ပြည်သူ့အားနဲ့တိုက်ဖျက်စို့

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top