ယှဉ်ပြိုင်မူဝါဒ (Competition Policy Framework) ရေးဆွဲနိုင်ရေး အကြံပြုချက် များရယူသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ပြီးစီး

နိုဝင်ဘာ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု၏ စီးပွားရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအသီးသီးတို့၏ စီးပွားရေးအခွင့်အရေးများ သာတူညီမျှခံစားခွင့်ရရှိစေရေးအတွက် ဆောင်ရွက်ရန် ဟူသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိရာ ကနဦးအနေဖြင့် “ယှဉ်ပြိုင်မှုမူဝါဒ” (Competition Policy Framework) ရေးဆွဲနိုင်ရေး အကြံပြုချက်များရယူသည့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်၊ နေ့လည်(၁:၀၀) မှ (၄း၀၀) အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသော လွှတ်တော်ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ၊ အမျိုးသမီးအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top