အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများ တွေ့ဆုံခြင်း

မေ (၁၀)၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများအကြား တွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံမှ တော်လှန်ရေး မိသားစုများ၊ ပြည်ထောင်စု၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ SME Development Center ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ ၊ CDM များ ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီပံ့ပိုးနိုင်ရန် အတွက် SME Development Centre ကို တည်ထောင်ပြီး သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုနှင့် တွေ့ဆုံခွင့်ရခြင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် နန်းသူဇာ၀င်းမှ ၀န်ကြီးဌာန၏ ‌ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြပြီး၊ SME Development Center ၏ ညွှန်ကြားရေးမှူးချုပ် ဆရာမဝိုင်း မှ SME ဖွံ့ဖြိုးရေးဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဂျပန်နိုင်ငံရှိ တော်လှန်ရေးမိသားစု အဖွဲ့အစည်းပေါင်း (၃၀) ကျော်မှ ကိုယ်စားပြု အဖွဲ့ဝင်များစွာ တက်ရောက်ခဲ့ကြပြီး အကြံဉာဏ်များ၊ လိုအပ်သည့် ငွေကြေးအကူအညီများကို ပံ့ပိုး၍ ခွန်အားဖြည့်ပြီး ရှေ့ဆက်အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top