Business English သင်တန်းဆင်းပွဲကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Business English သင်တန်းကို (၂၀၂၁) ခုနှစ်၊ အောက်တိုဘာလမှ (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၃၅၉) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၆၉) ဦး ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ သင်တန်းပြီးမြောက်အောင်မြင်ခဲ့သူများအား ဂုဏ်ပြုသင်တန်းဆင်းပွဲကို ၂၀၂၂ခုနှစ်၊ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး၊ သင်တန်းဆရာမနှင့် သင်တန်းစီစဉ်သူများမှ အမှတ်တရ ဂုဏ်ပြုစကားများပြောကြားခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top