Business Start Up Training သင်တန်းကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၇)ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီပံ့ပိုးနိုင်ရန်အတွက် SME Development Cenntre ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါသင်တန်းများအနက် Business Start Up Training သင်တန်းကို (၂၀၂၂) ခုနှစ်၊ မေ လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၁၃၈ ) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၃၀) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။

ဆက်လက်၍ Business Start Up Training သင်တန်းဆင်းပွဲကျင်းပခဲ့ရာ SME Development Center မှ ညွှန်ကြားရေးမှူးချုပ်က Business Start Up Training သင်တန်းဖွင့်လှစ်ခဲ့ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက ကျေးဇူတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန် နန်းသူဇာဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top