
“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့”
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်
စစ်တပ်ထုတ်ကုန်သပိတ်မှောက်လှုပ်ရှားမှုတွင် ပြည်သူအားလုံးပါဝင်ရေးအတွက်
မြောင်လူငယ်နှင့်အမျိုးသမီးတပ်ဖွဲ့အနေဖြင့်
“လွတ်လပ်ရေးအနှစ်သာရခံစားရဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” စာတန်းကိုင်ဆောင်၍ ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါသည်။
စစ်အာဏာရှင်များသည် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားပြုကာ ၎င်းတို့အကျိုးစီးပွားအတွက် စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းများကို မတရားရယူဆောင်ရွက်လျက်ရှိကြပြီး ၎င်းလုပ်ငန်းများမှ ရရှိသောငွေကြေးများဖြင့် စစ်အာဏာရှင်စနစ် အမြစ်တွယ်ရန်နှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို ပြုလုပ်လျက်ရှိကြပါသည်။
စစ်အာဏာရှစ်စနစ်အမြစ်ပြတ်ပပျောက်ရန်နှင့် စစ်တပ်ဝင်ငွေများကို ဖြတ်တောက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် စစ်တပ်၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များကို သပိတ်မှောက်ပေးကြပါရန် အလေးအနက်ထားလိုက်တွန်းလိုက်ရပါသည်။
စစ်တပ်ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို လေ့လာသိရှိလိုပါက waywaynay website ဖြစ်သည့် https://waywaynay.com/ တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
စစ်တပ်ထုတ်ကုန်များနှင့်ပတ်သက်သည့် မေးခွန်းများအား https://boycottmyanmarmilitaryproducts.vercel.app/ တွင် ဝင်ရောက်ဖြေဆို၍ လေ့လာနိုင်ပါသည်။
#မြောင်လူငယ်နှင့်အမျိုးသမီးတပ်ဖွဲ့
#စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့
#စစ်တပ်ဝင်ငွေဖြတ်တောက်ဖို့ စစ်တပ်ထုတ်ကုန်ရှောင်ရှားစို့
#စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေး ပြည်သူ့အားနဲ့တိုက်ဖျက်စို့

