အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

========================================================

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ အလုပ်သမားရေးရာကော်မတီဝင်များသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၆၀၀နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ပြည်တွင်းပြည်ပရှိ စစ်ဘေးရှောင်ပြည်သူများနှင့် CDM များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပြုလုပ်ပေးနိုင်ရန် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအား အဓိကထားဆွေးနွေး၍ အလုပ်သမားအရေးကိစ္စများအတွက် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများနှင့် ရန်ပုံငွေများ ရရှိနိုင်ရန် ဆောင်ရွက်သင့်သည့်အချက်များအား အပြန်အလှန်ညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေးသို့ အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တို့နှင့်တကွ ရုံးအဖွဲ့များ ပါဝင်တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top