
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Economy, Commerce and Industry
ရက်စွဲ- ဇွန်လ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်
အကြောင်းအရာ။ Fiscal Federalism Program သင်တန်းသို့ ပါဝင်တက်ရောက်ပါရန် ဖိတ်ကြားလွှာ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce and Industry ၏ စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ CDM ကျောင်းသား/ကျောင်းသူများအား ရည်ရွယ်၍ “Fiscal Federalism Program” သင်တန်းအား ဇွန်လ(၂၄) ရက် မှ (၂၆) ရက် နေ့ အထိ ည(၈) နာရီမှ (၁၀) နာရီအထိ၊ သင်ကြားပို့ချမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ CDM ပြုလုပ်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ပါဝင် တက်ရောက် စာရင်းပေးသွင်းပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အစီအစဉ်-
ရက်စွဲ- ဇွန်လ (၂၄) ရက် မှ (၂၆) ရက်နေ့အထိ
အချိန်- ည(၈) နာရီမှ (၁၀) နာရီအထိ
နေရာ- Online Zoom Meeting
သင်တန်းတက်ရောက်ရန် registration link
… https://docs.google.com/…/1FAIpQLSdw2g6mNzE…/viewform…
(မှတ်ချက်- သင်တန်းတက်ရောက်ရန် registration ပြုလုပ်ပြီးပါက သင်တန်းတက်ရောက်ခွင့်ရသူများအတွက် လင့်အား အီးမေးလ်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါ၍ Primary mailbox သာမက spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)
