YE YE

Training Fundamentals သင်တန်းကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Training Fundamentals သင်တန်းကို (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလ ၂၄ မှ ၂၈ အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၄၆) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး ပြီးမြောက်အောင်မြင်ခဲ့ပါသည်။

Training Fundamentals သင်တန်းကျင်းပခြင်း Read More »

Commercial Diplomacy သင်တန်းကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Commercial Diplomacy သင်တန်းကို (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၂၆) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၄) ဦး ပြီးမြောက်အောင်မြင်ခဲ့ပါသည်။

Commercial Diplomacy သင်တန်းကျင်းပခြင်း Read More »

E Commerce မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

ဇန်န၀ါရီလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အနာဂတ်တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ စီးပွားရေးမူဝါဒ(မူကြမ်း)များ ပြုစုရေးသားပြီး၊ အားလုံးပါဝင်သော စီးပွားရေးမူဝါဒ (မူကြမ်း)၊ Intellectual Property မူဝါဒ (မူကြမ်း)၊ နယ်စပ်ကုန်သွယ်ရေး မူဝါဒ (မူကြမ်း)၊ ယှဉ်ပြိုင်မှုမူဝါဒ (မူကြမ်း)၊ စားသုံသူကာကဖွယ်စောင့်ရှောက်ရေး မူဝါဒ (မူကြမ်း) များနှင့် စပ်လျဉ်းသည့် အကြံပြုအလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပခဲ့ပါသည်။ E Commerce မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၂ခုနှစ်၊ ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး၊ မူဝါဒဆိုင်ရာသဘောတရားများ၊ ရည်ရွယ်ချက်၊ မူဝါဒပြဌာန်းချက်၊ အကောင်အထည်ဖော်ဆောင်မှုပုံစံများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

E Commerce မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း Read More »

အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂)

အမျိုးသားညီညွတ်ရေးအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန

အကြမ်းဖက်စစ်အုပ်စုအား စစ်လက်နက်များ ၀ယ်ယူရရှိနိုင်စေရန် ပံ့ပိုးနေသော လုပ်ငန်းများဆိုင်ရာ ထုတ်ပြန်ကြေညာချက် (၁/၂၀၂၂) Read More »

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။ အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။ ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ Read More »

စားသုံးသူကာကွယ်စောင့်ရှောက်ရေး မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

ဇန်န၀ါရီလ ၁၈ ရက်၊ ၂၀၂၂ ခုနှစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အနာဂတ်တိုင်းပြည် တည်ဆောက်ရေးဆိုင်ရာ စီးပွားရေးမူဝါဒ(မူကြမ်း)များ ပြုစုရေးသားပြီး၊ အားလုံးပါဝင်သော စီးပွားရေးမူဝါဒ (မူကြမ်း)၊ Intellectual Property မူဝါဒ (မူကြမ်း)၊ နယ်စပ်ကုန်သွယ်ရေး မူဝါဒ (မူကြမ်း)၊ ယှဉ်ပြိုင်မှုမူဝါဒ (မူကြမ်း) များနှင့် စပ်လျဉ်းသည့် အကြံပြုအလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပခဲ့ပါသည်။ စားသုံးသူ ကာကွယ် စောင့်ရှောက်ရေးမူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၂ခုနှစ်၊ ဇန်န၀ါရီလ (၁၈)ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ပြီး၊ စားသုံးသူမူဝါဒဆိုင်ရာသဘောတရားများ၊ အသုံးပြုနိုင်မှုနယ်ပယ်၊ ရည်ရွယ်ချက်၊ မူဝါဒပြဌာန်းချက်၊ ကင်းလွတ်ခွင့်၊ အကောင်အထည်ဖော်ဆောင်မှုပုံစံများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။

စားသုံးသူကာကွယ်စောင့်ရှောက်ရေး မူဝါဒ (မူကြမ်း) ဆိုင်ရာ အကြံပြုအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း Read More »

Business English သင်တန်းဆင်းပွဲကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Business English သင်တန်းကို (၂၀၂၁) ခုနှစ်၊ အောက်တိုဘာလမှ (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလအထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၃၅၉) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၆၉) ဦး ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ သင်တန်းပြီးမြောက်အောင်မြင်ခဲ့သူများအား ဂုဏ်ပြုသင်တန်းဆင်းပွဲကို ၂၀၂၂ခုနှစ်၊ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး၊ သင်တန်းဆရာမနှင့် သင်တန်းစီစဉ်သူများမှ အမှတ်တရ ဂုဏ်ပြုစကားများပြောကြားခဲ့ပါသည်။

Business English သင်တန်းဆင်းပွဲကျင်းပခြင်း Read More »

Scroll to Top