ကုန်သွယ်ရပ်၀န်းသတင်းလွှာ အတွဲ ၁ ၊ အမှတ် ၁၅
ကုန်သွယ်ရပ်၀န်းသတင်းလွှာ အတွဲ ၁ ၊ အမှတ် ၁၅ Read More »
အီတလီနိုင်ငံ၊ San Giovanni Rotondo တွင် ဧပြီလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပသော FAI-CISL VII National Congress သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးမှ အွန်လိုင်းဖြင့် တက်ရောက်ပြီး မြန်မာ့အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့သည်။
FAI-CISL VII National Congress သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း Read More »
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးသည် ၂၀၂၂ ခုနှစ်၊ မတ် လ(၃၁)ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပသော “ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲအား “ Digital Trade: Charting the Way Forword the tech- tonic Opportunity ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့သစ်အခင်းအကျင်းနှင့်ကုန်သွယ်ရေးမူဝါဒများ၊ ဒစ်ဂျစ်တယ်လ်နည်းပညာဖြင့်ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း၊ ကမ္ဘာ့ပြောင်းလဲမှုရာစုသစ်နှင့် ကုန်သွယ်ရေးကဏ္ဍ ၊ ဒစ်ဂျစ်တယ်လ်ကမ္ဘာနှင့် တန်းတူညီမျှမှု၊ မျှတမှုဆိုင်ရာအခြေအနေများ၊ ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းနှင့်ဈေးကွက်၊ ဒစ်ဂျစ်တယ်လ် ဘဏ္ဍာရေး၊ Crowd Sourcing ပဋိပက္ခနှင့် ဒစ်ဂျစ်တယ်လ် ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်လ်အနာဂတ် ( Digital Future )ဖြင့် ကမ္ဘာ့ရေးရာပြဿနာများအား ဖြေရှင်းခြင်း၊ Geopolitics နှင့်
World Trade Symposium သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း Read More »
အမျိုးသားညီညွတ်ရေးအစိုးရမှ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့” ခေါင်းစဉ်ဖြင့် ေတာ်လှန်ရေးစကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒု၀န်ကြီးဆရာမ ဂျာထွယ်ပန် ၊ ကာကွယ်ရေး၀န်ကြီးဌာန ဒု၀န်ကြီးဆရာနိုင်ကောင်းရွက်၊ ဆရာကိုတေဇာစန်း၊ နိုင်ငံရေးနှင့် သမိုင်းေရးရာ ကျွမ်းကျင်သူ ဆရာ ဦးအောင်စောဦး၊ ပြည်သူ့ရင်ခွင်အစီအစဉ်မှ ဆရာ Captain Zero တို့က panelist များအဖြစ်ဆွေးနွေးကြပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးက moderator အဖြစ် ပါ၀င်ဆောင်ရွက်ခဲ့သည်။
“ဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့” Read More »
နိင်ငံတကာဟိန္ဒူအစည်းအရုံးမှ ကြီးမှူးကျင်းပသော NUG ရန်ပုံငွေပွဲကို ၂၀၂၂ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် လန်ဒန်အရှေ့ပိုင်း၌ ကျင်းပခဲ့ပြီး၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုးတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံတကာရောက်မြန်မာများ ပါ၀င်တက်ရောက်ကြပြီး၊ ဟိန္ဒူအစားအစာ၊ ဘူးဖေးအိန္ဒိယ၊ မဆာလာ Tea အချိုပွဲများ သုံးဆောင်ခြင်း ရန်ပုံငွေရှာဖွေပံ့ပိုးပေးနေသော အဖွဲ့များရဲ့စျေးရောင်းပွဲ၊ အိန္ဒိယအက၊ တော်လှန်ရေးသီချင်းသီဆိုဖျော်ဖြေမှု အစီအစဉ်များဖြင့် စည်ကားစွာကျင်းပခဲ့ကြသည်။
နိင်ငံတကာဟိန္ဒူအစည်းအရုံးမှ ကြီးမှူးကျင်းပသော NUG ရန်ပုံငွေပွဲ Read More »
လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှကျင်းပသော 7th annual Sustainability Week: Accelerating transition, building resilience သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီးတက်ရောက်လျက်ရှိသည်။ Sustainability Week Summit အား ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Keynote remarks ဖြင့် စတင်ကျင်းပခဲ့ပြီး၊ မူဝါဒရေးရာချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ 2021 United Nations Climate Change Conference (COP26)ဆိုင်ရာ လမ်းပြမြေပုံများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ဆောင်မှုများ၊ ဘဏ္ဍာရေးစနစ် ရေရှည်တည်တံ့ခိုင်မာမှု ဆိုင်ရာကိစ္စရပ်များ၊ Digital Economy ရေးရာ မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးဖော်ဆောင်မှုများ၊ စီးပွားရေး-နိုင်ငံရေးနှင့်
Sustainability Week Summit သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်ခြင်း Read More »