YE YE

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများ တွေ့ဆုံခြင်း

မေ (၁၀)၊ ၂၀၂၂ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများအကြား တွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံမှ တော်လှန်ရေး မိသားစုများ၊ ပြည်ထောင်စု၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ SME Development Center ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ ၊ CDM များ ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီပံ့ပိုးနိုင်ရန် အတွက် SME Development Centre ကို တည်ထောင်ပြီး သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများ တွေ့ဆုံခြင်း Read More »

Business Start Up Training သင်တန်းကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၇)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီပံ့ပိုးနိုင်ရန်အတွက် SME Development Cenntre ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Business Start Up Training သင်တန်းကို (၂၀၂၂) ခုနှစ်၊ မေ လ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား၊ သင်တန်းသူ (၁၃၈ ) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူ (၁၃၀) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။ ဆက်လက်၍ Business Start Up Training သင်တန်းဆင်းပွဲကျင်းပခဲ့ရာ

Business Start Up Training သင်တန်းကျင်းပခြင်း Read More »

Intellectual Property Training သင်တန်းကျင်းပခြင်း

၂၀၂၂ ခုနှစ်၊ မေလ (၁)ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် စီးပွားရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရေးအတွက် Myanmar Institute of Commerce ကို တည်ထောင်ပြီး၊ သင်တန်းများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသင်တန်းများအနက် Intellectual Property Training သင်တန်းကို (၂၀၂၂) ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ၊ သင်တန်းသား/သင်တန်းသူ (၄၅) ဦးတက်ရောက်ခဲ့ပြီး၊ သင်တန်းသား/ သင်တန်းသူ (၄၃) ဦး ပြီးမြောက် အောင်မြင်ခဲ့ပါသည်။

Intellectual Property Training သင်တန်းကျင်းပခြင်း Read More »

World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် ၊ ဧပြီ လ ၂၆ ရက်နေ့တွင် ကျရောက်သော World Intellectual Property Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကို ကျင်းပ ဆောင်ရွက် ခဲ့ပါသည်။ ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ စီးပွားရေးရာ ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က World Intellectual Property Day အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က Intellectual

World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း Read More »

ပြည်သူသို့ အစီရင်ခံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ ဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်း ပြီးမြောက်မှုအား ပြည်သူတို့ အစီရင်ခံခြင်း။ https://fb.watch/eWF4pLUXAg/

ပြည်သူသို့ အစီရင်ခံခြင်း Read More »

ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုး ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက်

ဧပြီလ ၁၆ ရက်၊ ၂၀၂၂ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးသည် ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်တာများအား ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့တော်လှန်ရေးအောင်ပွဲရယူရန် လိုအပ်ချက်များအား တင်ပြခြင်း၊ တက်ရောက်လာသော ပြည်သူများ၏ အကြံပြုချက်များအား ရယူခြင်း တို့ကို လုပ်ဆောင်ခဲ့ပါသည်။

ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုး ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက် Read More »

Scroll to Top