Announcement

ပြည်သူသို့ အစီရင်ခံခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ ဝန်ကြီးဌာန၏ တစ်နှစ်တာလုပ်ငန်း ပြီးမြောက်မှုအား ပြည်သူတို့ အစီရင်ခံခြင်း။ https://fb.watch/eWF4pLUXAg/

ပြည်သူသို့ အစီရင်ခံခြင်း Read More »

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီ။ ဖက်ဆစ်အုပ်စုဟာ လက်နက်ရှိရုံ၊ အားကြီးရုံနဲ့ ဒီတိုင်းပြည်ကို ဗိုလ်ကျ အုပ်ချုပ်လို့ရမယ်လို့ ထင်ခဲ့ပုံပေါ်တယ်။ သူတို့ မှန်းချက်နဲ့ နှမ်းထွက် အလွဲကြီး လွဲခဲ့လေပြီ။ တစ်နှစ်သာ ကြာသွားတယ်၊ ဖက်ဆစ်တွေ ကျနော်တို့ပြည်သူကို လုံးဝ အုပ်ချုပ်ခွင့် မရခဲ့ဘူး။ အခု (၂၀၂၂) ခုနှစ်ကတော့ ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကြီး ဖြစ်ရမယ့်နှစ်၊ မှတ်တိုင်သစ် စိုက်ထူမယ့်နှစ်လို့ အားလုံးက ယုံကြည်၊ အားခဲထားကြပါတယ်။ ဒဲ့ပြောရရင် ဒီနှစ်ဟာ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် ပြန်ရောက်ရမယ့်နှစ်၊ ပြည်သူက အုပ်ချုပ်တော့မယ့်နှစ်ဆိုတဲ့ ယုံကြည်စိတ်၊ တိုက်ပွဲဝင်စိတ်၊ အောင်စိတ် ကျနော်တို့မှာ အပြည့်ရှိနေပါတယ်။ ဒီအာဏာသိမ်းမှု နှစ်ပတ်လည်၊ နွေဦးတော်လှန်ရေး နှစ်ပတ်လည်အချိန်အခါမှာ ကျနော်တို့ ပြည်သူတွေ

❝ပြည်တော်ဝင်ဖို့ ရုန်းကြစို့❞ Read More »

” တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ “

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအား ဦးတည်၍ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က စီစဥ်သည့် ” တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ ” တော်လှန်ရေးရန်ပုံငွေကံစမ်းမဲများ မဲဖောက်ပွဲအစီအစဥ်ကို (၃-၁-၂၀၂၂) ရက်နေ့၊ ည (၇) နာရီတိတိအချိန်တွင် D-Day Channel, Public Voice Television, Ministry of Health, National Unity Government of Myanmar, Khit Thit Media, Mizzima TV, Than Lwin Times, People’s Spring, Tachileik News Agency, CDM Medical Network Page တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်ပါသည်။ #nugmoh#AAC#ddaychannel

” တော်လှန်ကျန်းမာ အနာဂတ်ကမ္ဘာ ထိုင်းရောက်တို့မြန်မာ “ Read More »

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး နှစ်သစ် မိန့်ခွန်း

အားလုံးပဲ မင်္ဂလာပါ။ ၂၀၂၁ ခုနှစ်ဟာ အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုတွေကြောင့် ပြည်သူလူထုတရပ်လုံး စိတ်ဒုက္ခရောက်ခဲ့ရတဲ့ နှစ်ဖြစ်ပါတယ်၊ ဒီလို နှစ်မျိုး ကုန်ဆုံးမှုနဲ့အတူ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အနာဂတ် အဆုံးသတ်သွား‌တော့မယ်ဆိုတာ ကျမတို့ ယုံကြည်ထားတယ်။ ၂၀၂၂ ခုနှစ်မှာ ပြည်သူ့အောင်ပွဲနှစ် ဖြစ်ဖို့ ကျမတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းနေ ကြပါတယ်။ ခေတ်အဆက်ဆက် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ သတ်ဖြတ်ညှဉ်းဆဲ ဖိနှိပ်ရမ်းကား ဒုက္ခပေးနေတဲ့ စစ်ကြီး သုံးစစ်ကို ကျမတို့ မြေလှန် အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းသွားရပါမယ်။ ဖက်ဆစ်အတွေးအခေါ်တွေနဲ့ ပြည်သူလူထုကို အနိုင်ကျင့်တဲ့ စစ်တပ်၊ စစ်တပ်အသွင်ပြောင်း အရာရှိတွေနဲ့ တည်ဆောက်ထားတဲ့ စစ်ဗျူရိုကရက် အုပ်ချုပ်ရေးစနစ်၊ တပ်ဟောင်းတပ်သစ် အနွယ်တော်များ၊ မိတ်ဆွေများနဲ့ တည်ဆောက်ထားတဲ့ စစ်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်၊

စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ခင်မမမျိုး နှစ်သစ် မိန့်ခွန်း Read More »

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စစ်ရှောင်များအတွက် ကျပ်ငွေ ၁၉ သိန်း ထပ်မံလှူဒါန်း

ဒီဇင်ဘာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စစ်ရှောင်ပြည်သူများနှင့်တွေ့ဆုံပြီး ရိက္ခာအတွက် လှူဒါန်းခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စစ်ရှောင်များအတွက် ကျပ်ငွေ ၁၉ သိန်း ထပ်မံလှူဒါန်း Read More »

Scroll to Top