Event

World Milk Day အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း

စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၁) ရက်နေ့ World Milk Day အထိမ်းအမှတ်အခမ်းအနားအား အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ် ၊ ဇွန် လ (၁) ရက်‌နေ့ ၊ ညနေ (၄) နာရီမှ (၆) နာရီ အထိ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce (MIC) မှ အမှုဆောင်ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကား ပြောကြားရာ “World Milk Day” ကို မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ကျင်းပသော အခမ်းအနား ဖြစ်ပေမယ့် ကမ္ဘာနှင့်အဝှမ်း […]

World Milk Day အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း Read More »

လန်ဒန်မြို့ ရှိ London Southbank University ၌ ယူကေရောက် မြန်မာမိသားစုများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့

လန်ဒန်မြို့ ရှိ London Southbank University ၌ ၂၀၂၂ ခုနှစ် ၊ မေလ (၂၉) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပညာ‌ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးပရော်ဖက်ဆာ ဒေါက်တာဦးဇော်ဝေစိုး နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတို့သည် ယူကေရောက် မြန်မာမိသားစုများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

လန်ဒန်မြို့ ရှိ London Southbank University ၌ ယူကေရောက် မြန်မာမိသားစုများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ Read More »

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများ တွေ့ဆုံခြင်း

မေ (၁၀)၊ ၂၀၂၂ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများအကြား တွေ့ဆုံပွဲကို ၂၀၂၂ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ကျင်းပခဲ့ရာ ဂျပန်နိုင်ငံမှ တော်လှန်ရေး မိသားစုများ၊ ပြည်ထောင်စု၀န်ကြီး၊ အမြဲတမ်းအတွင်း၀န်၊ SME Development Center ညွှန်ကြားရေးမှူးချုပ်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုအခြေအနေများ ၊ CDM များ ၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်နေမှုအခြေအနေများ၊ အသေးစား၊အလတ်စား စီးပွားရေး လုပ်ငန်းများအား နည်းပညာနှင့် ဘဏ္ဍာရေးအကူအညီပံ့ပိုးနိုင်ရန် အတွက် SME Development Centre ကို တည်ထောင်ပြီး သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံရှိ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ တော်လှန်ရေး မိသားစုများ တွေ့ဆုံခြင်း Read More »

World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

၂၀၂၂ ခုနှစ် ၊ ဧပြီ လ ၂၆ ရက်နေ့တွင် ကျရောက်သော World Intellectual Property Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကို ကျင်းပ ဆောင်ရွက် ခဲ့ပါသည်။ ရှေးဦးစွာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ စီးပွားရေးရာ ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က World Intellectual Property Day အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး၊ ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က Intellectual

World Intellectual Property Day အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း Read More »

ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုး ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက်

ဧပြီလ ၁၆ ရက်၊ ၂၀၂၂ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးသည် ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်တာများအား ရှင်းလင်းတင်ပြခြင်း၊ ပြည်သူ့တော်လှန်ရေးအောင်ပွဲရယူရန် လိုအပ်ချက်များအား တင်ပြခြင်း၊ တက်ရောက်လာသော ပြည်သူများ၏ အကြံပြုချက်များအား ရယူခြင်း တို့ကို လုပ်ဆောင်ခဲ့ပါသည်။

ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုး ယူကေအခြေစိုက် Zomi Community မှ ကျင်းပသော Sialsawm ပွဲသို့ တက်ရောက် Read More »

FAI-CISL VII National Congress သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း

အီတလီနိုင်ငံ၊ San Giovanni Rotondo တွင် ဧပြီလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပသော FAI-CISL VII National Congress သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးမှ အွန်လိုင်းဖြင့် တက်ရောက်ပြီး မြန်မာ့အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့သည်။

FAI-CISL VII National Congress သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း Read More »

World Trade Symposium သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးသည် ၂၀၂၂ ခုနှစ်၊ မတ် လ(၃၁)ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပသော “ကမ္ဘာ့ကုန်သွယ်ရေး နှီးနှောဖလှယ်ပွဲ” သို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲအား “ Digital Trade: Charting the Way Forword the tech- tonic Opportunity ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကမ္ဘာ့သစ်အခင်းအကျင်းနှင့်ကုန်သွယ်ရေးမူဝါဒများ၊ ဒစ်ဂျစ်တယ်လ်နည်းပညာဖြင့်ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း၊ ကမ္ဘာ့ပြောင်းလဲမှုရာစုသစ်နှင့် ကုန်သွယ်ရေးကဏ္ဍ ၊ ဒစ်ဂျစ်တယ်လ်ကမ္ဘာနှင့် တန်းတူညီမျှမှု၊ မျှတမှုဆိုင်ရာအခြေအနေများ၊ ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းနှင့်ဈေးကွက်၊ ဒစ်ဂျစ်တယ်လ် ဘဏ္ဍာရေး၊ Crowd Sourcing ပဋိပက္ခနှင့် ဒစ်ဂျစ်တယ်လ် ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်လ်အနာဂတ် ( Digital Future )ဖြင့် ကမ္ဘာ့ရေးရာပြဿနာများအား ဖြေရှင်းခြင်း၊ Geopolitics နှင့်

World Trade Symposium သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခြင်း Read More »

“ဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့”

အမျိုးသားညီညွတ်ရေးအစိုးရမှ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့” ခေါင်းစဉ်ဖြင့် ေတာ်လှန်ရေးစကားဝိုင်းဆွေးနွေးပွဲကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒု၀န်ကြီးဆရာမ ဂျာထွယ်ပန် ၊ ကာကွယ်ရေး၀န်ကြီးဌာန ဒု၀န်ကြီးဆရာနိုင်ကောင်းရွက်၊ ဆရာကိုတေဇာစန်း၊ နိုင်ငံရေးနှင့် သမိုင်း‌‌ေရးရာ ကျွမ်းကျင်သူ ဆရာ ဦးအောင်စောဦး၊ ပြည်သူ့ရင်ခွင်အစီအစဉ်မှ ဆရာ Captain Zero တို့က panelist များအဖြစ်ဆွေးနွေးကြပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးက moderator အဖြစ် ပါ၀င်ဆောင်ရွက်ခဲ့သည်။

“ဖက်ဆစ်တော်လှန်ရေးအောင်ပွဲမှသည် နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့” Read More Âť

နိင်ငံတကာဟိန္ဒူအစည်းအရုံးမှ ကြီးမှူးကျင်းပသော NUG ရန်ပုံငွေပွဲ

နိင်ငံတကာဟိန္ဒူအစည်းအရုံးမှ ကြီးမှူးကျင်းပသော NUG ရန်ပုံငွေပွဲကို ၂၀၂၂ခုနှစ်၊ မတ်လ (၂၆) ရက်နေ့တွင် လန်ဒန်အရှေ့ပိုင်း၌ ကျင်းပခဲ့ပြီး၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဒေါ်ခင်မမမျိုးတို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ နိုင်ငံတကာရောက်မြန်မာများ ပါ၀င်တက်ရောက်ကြပြီး၊ ဟိန္ဒူအစားအစာ၊ ဘူးဖေးအိန္ဒိယ၊ မဆာလာ Tea အချိုပွဲများ သုံးဆောင်ခြင်း ရန်ပုံငွေရှာဖွေပံ့ပိုးပေးနေသော အဖွဲ့များရဲ့စျေးရောင်းပွဲ၊ အိန္ဒိယအက၊ တော်လှန်ရေးသီချင်းသီဆိုဖျော်ဖြေမှု အစီအစဉ်များဖြင့် စည်ကားစွာကျင်းပခဲ့ကြသည်။

နိင်ငံတကာဟိန္ဒူအစည်းအရုံးမှ ကြီးမှူးကျင်းပသော NUG ရန်ပုံငွေပွဲ Read More »

Sustainability Week Summit သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်ခြင်း

လန်ဒန်မြို့တွင် မတ်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ Economist Impact မှကျင်းပသော 7th annual Sustainability Week: Accelerating transition, building resilience သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု၀န်ကြီးတက်ရောက်လျက်ရှိသည်။ Sustainability Week Summit အား ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Keynote remarks ဖြင့် စတင်ကျင်းပခဲ့ပြီး၊ မူဝါဒရေးရာချမှတ်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ 2021 United Nations Climate Change Conference (COP26)ဆိုင်ရာ လမ်းပြမြေပုံများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ဖော်ဆောင်မှုများ၊ ဘဏ္ဍာရေးစနစ် ရေရှည်တည်တံ့ခိုင်မာမှု ဆိုင်ရာကိစ္စရပ်များ၊ Digital Economy ရေးရာ မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးဖော်ဆောင်မှုများ၊ စီးပွားရေး-နိုင်ငံရေးနှင့်

Sustainability Week Summit သို့ ပြည်ထောင်စု၀န်ကြီး တက်ရောက်ခြင်း Read More »

Scroll to Top