Enhancing Trade Information Portals (TIP) သင်တန်းသို့ ပါဝင် တက်ရောက်နိုင် ပါရန် ဖိတ်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ကုန်သွယ်ရေးဦးစီးဌာန နှင့်

Myanmar Institute of Economy, Commerce and Industry (MIECI)

ရက်စွဲ- အောက်တိုဘာလ (၄) ရက်၊ ၂၀၂၃ ခုနှစ်

အကြောင်းအရာ။ Enhancing Trade Information Portals (TIP) သင်တန်းသို့ ပါဝင် တက်ရောက်နိုင် ပါရန် ဖိတ်ကြားလွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ လုပ်ငန်းစဉ်များထဲမှ စီးပွားရေး ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိရာ ကုန်သွယ်ရေးဦးစီးဌာနနှင့် Myanmar Institute of Economy, Commerce and Industry တို့ ပူးပေါင်း၍ CDM ကျောင်းသား/ ကျောင်းသူများ နှင့် CDM ဝန်ထမ်းများအတွက် ရည်ရွယ်၍ “Enhancing Trade Information Portals (TIP) ” သင်တန်းအား အောက်တိုဘာလ (၇)ရက် မှ (၈) ရက်နေ့အထိ ည(၈) နာရီမှ (၁၀) နာရီအထိ၊ သင်ကြားပို့ချမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ “Enhancing Trade Information Portals (TIP)” သင်တန်း အား စိတ်ဝင်စားသည့် CDM ပြုလုပ် ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက် စာရင်းပေးသွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်-

ရက်စွဲ- အောက်တိုဘာလ (၇)ရက် မှ (၈) ရက်နေ့ အထိ

အချိန်- ည(၈) နာရီမှ (၁၀) နာရီအထိ

နေရာ- Online Zoom Meeting

သင်တန်းတက်ရောက်ရန် registration link : https://docs.google.com/…/1FAIpQLSeNdoviHiw…/viewform…

(မှတ်ချက်- သင်တန်းတက်ရောက်ရန် registration ပြုလုပ်ပြီးပါက သင်တန်း တက်ရောက်ခွင့် ရသူများအတွက် လင့်အား အီးမေးလ်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါ၍ Primary mailbox သာမက spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top