“Sustainable Development Program” သင်တန်းသို့ ပါဝင် တက်ရောက်နိုင်ပါရန် ဖိတ်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

Myanmar Institute of Economy, Commerce and Industry (MIECI)

ရက်စွဲ- အောက်တိုဘာလ (၃) ရက်၊ ၂၀၂၃ ခုနှစ်

အကြောင်းအရာ။ “Sustainable Development Program” သင်တန်းသို့ ပါဝင် တက်ရောက်နိုင်ပါရန် ဖိတ်ကြားလွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များထဲမှ Myanmar Institute of Economy, Commerce and Industry ၏ စီးပွားရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်လျက်ရှိရာ CDM ကျောင်းသား/ ကျောင်းသူများ နှင့် CDM ဝန်ထမ်းများ အတွက် ရည်ရွယ်၍ “Sustainable Development Program” သင်တန်းအား အောက်တိုဘာလ (၇)ရက် မှ (၈) ရက် နေ့အထိ ညနေ(၆) နာရီမှ ည (၈) နာရီအထိ၊ သင်ကြားပို့ချမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ “Sustainable Development Program” အား စိတ်ဝင်စားသည့် CDM ပြုလုပ် ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် CDM ဝန်ထမ်းများ ပါဝင်တက်ရောက် စာရင်းပေးသွင်းနိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်-

ရက်စွဲ- အောက်တိုဘာလ(၇)ရက် မှ (၈) ရက်နေ့အထိ

အချိန်- ညနေ(၆) နာရီမှ ည (၈) နာရီအထိ

နေရာ- Online Zoom Meeting

သင်တန်းတက်ရောက်ရန် registration link : https://docs.google.com/…/1FAIpQLSe3pmTY9gf…/viewform…

(မှတ်ချက်- သင်တန်းတက်ရောက်ရန် registration ပြုလုပ်ပြီးပါက သင်တန်း တက်ရောက်ခွင့် ရသူများအတွက် လင့်အား အီးမေးလ်မှတဆင့် ပေးပို့ပေးမည်ဖြစ်ပါ၍ Primary mailbox သာမက spam ကိုပါ စစ်ပေးပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top