စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
Myanmar Institute of Commerce
New Commercial Leadership Program ဆိုင်ရာ ကြေညာချက် (၁/၂၀၂၁)
===================================================
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Myanmar Institute of Commerce သည် New Commercial Leadership Program ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံတကာ စီးပွားရေး ဒီပလိုမာများ ဖွင့်လှစ်ရန် သင်တန်းသားများ ခေါ်ယူခဲ့ပါသည်။ သင်တန်းသား များခေါ်ယူရာတွင် သင်တန်းလျှောက်လွှာတောင်းဆိုမှုအတွက် လူသုံးထောင်ကျော်ခန့် ဆက်သွယ်ပြီး၊ လျှောက်လွှာ (၇၀၀) ကျော် တင်သွင်းခဲ့ကြပါသည်။ အဆိုပါ လျှောက်လွှာ (၇၀၀) အနက်မှ နိုင်ငံတကာကုန်သွယ်ရေး ဒီပလိုမာနှင့် နိုင်ငံတကာ စီးပွားရေး ဒီပလိုမာ သင်တန်းသားများကို အောက်ပါလျှောက်လွှာပါ အချက်အလက်များနှင့် ရွေးချယ်မည်ဖြစ်ပါကြောင်းနှင့် ရွေးချယ်ခံရသူများအား အောက်တိုဘာလ (၁၂) ရက်တွင် ကျောင်းလက်ခံစာအား အီးမေးလ်မှတဆင့် ပေးပို့သွားမည် ဖြစ်ပါ ကြောင်း လေးစားစွာ ထုတ်ပြန်ကြေညာအပ်ပါသည်။
စီမံအုပ်ချုပ်မှုဒါရိုက်တာ
Myanmar Institute of Commerce

